မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မဟာစည် ဆရာတော်ဘုရားကြီးသည် ခန္ဓသံယုတ်၊ ဘာရဝဂ် (စာမျက်နှာ၂၁) လာ “ဘာရသုတ္တံ တရားတော်” ကို ၁၃၂၈-ခု၊ တန်ဆောင်မုန်းလပြည့်နှင့် လကွယ်နေ့တို့တွင် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၊ ဖလ်ယဥ်ဓမ္မာရုံ၌ ဟောကြားခဲ့ပါသည်။
ဤတရားတော်၌ ဗုဒ္ဓက ဘာရသုတ္တံကို မည်သို့ ပဋိညာဉ်ပြု၍ ဟောတော်မူခဲ့ကြောင်းကို_
“ပါဠိလို ဘာရခေါ်တဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း ဟောမယ်။ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး အကြောင်းကိုလည်း ဟောမယ်-လို့ ကြေညာပါတယ်။ ဘာရဟာရခေါ်တဲ့ ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်နေတဲ့သူ အကြောင်းကိုလည်း ဟောမယ်။ အဲဒီဝန်ထုပ်ဝန်ပိုးကို ခံယူပြီး ထမ်းဆောင်နေပုံကိုလည်း ဟောမယ်။ အဲဒီ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကို ပစ်ချပြီး ချမ်းသာရာ ရသွားပုံကိုလည်း ဟောမယ်-လို့ တရားခေါင်းစဉ် ၄-ခုကို ကြေညာပြီး ပဋိညာဉ်ပြုတော်မူပါတယ်” ဟု ဟောကြားထားပါသည်။
ဗုဒ္ဓတရားတော်အရ အတ္တနှင့် ပတ်သက်၍ လည်း_ “မြတ်စွာဘုရား တရားတော်ကတော့ ခန္ဓာ ၅-ပါးလည်း အတ္တမဟုတ်ဘူး။ ခန္ဓာ ၅-ပါးမှ အလွတ်သီးခြားဖြစ်သော အတ္တရယ်လို့ ဆိုတာလည်း ရှိကိုမရှိဘူး-လို့ ပြတ်ပြတ်သားသား ဟောထားတဲ့ တရားဖြစ်ပါတယ်။”
“ဒါပေမဲ့ လောကဝေါဟာရအတိုင်း ဟောသင့်တဲ့အရာမှာတော့ ပြောရိုးပြောစဉ်အရအားဖြင့် ပုဂ္ဂိုလ် သတ္တဝါ-လို့ ဟောထားပါတယ်။ အဲဒါကတော့ ဒီခန္ဓာ ၅-ပါးကိုပဲ ခေါ်ဝေါ်ရုံမျှအနေနဲ့ ဟောတာပါပဲ။”
“နောက်ပြီးတော့ မိမိနှင့် သူတပါးခွဲခြားပြီး ဟောတဲ့နေရာမှာလည်း အခြားသူတွေကို ပရ-သူတပါး-လို့ ဟောပြီး မိမိကိုတော့ အတ္တ-လို့ ဟောတာလည်း ရှိပါတယ်” စသည်ဖြင့် ဟောကြားထားပါသည်။
ယခုခေတ် လူတချို့၏ မိဘများအပေါ်အမြင်နှင့်ပတ်သက်၍လည်း_
“ယခုခေတ်မှာ ကျေးဇူးမသိတတ်တဲ့သူတွေရဲ့ အတွေးအခေါ်တွေကို လေ့လာပြီး ကျေးဇူးမသိတတ်တဲ့ ဓာတ်သဘောချင်း တူတဲ့သူတွေက မိဘတွေကို ကျေးဇူးမတင်ချင်ကြဘူး။ ကျေးဇူးမတင်ရုံတောင် မကသေးဘူး။ မိဘတွေ ကမြင်းလို့ လူဖြစ်လာပြီး ဒုက္ခရောက်နေရတယ်-လို့တောင် အပြစ်ပြောတတ်ကြသေးတယ်။ အဲဒါကတော့ တော်တော်ကြောက်စရာကောင်းတဲ့ အမြင်မှားကြီးပါပဲ” စသည်ဖြင့်လည်းကောင်း ဟောကြားထားပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုသူများသည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
-------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

Негізгі бет ဘာရသုတ္တံ တရားတော် (၂)
Пікірлер