ဘိသိက်တော်မန္တန်
.
ဒါဟာ မိမိကိုယ်ကို ဘိသိက်တင်တာ၊မိမိကိုယ်ကို ဘိသိက်တင်တော့မည်ဆိုလျှင်
ပထမဦးဆုံး ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ရိုရိုသေသေ လေးလေးစားစားနှင့် အရင်ဆုံးကန်တော့၊
အဲ့ဒါပြီးရင် အနန္တော အနန္တငါးပါးကိုကန်တော့၊အနန္တော အနန္တငါးပါးကို ကန်တော့ပြီးရင်
မြူမှုန်လောက်မှစပြီးစကြာဝဠာလောက်ထိ ကျေးဇူးတရားကြီးမားတဲ့
ပုဂ္ဂိုလ်တွေ ခင်ပွန်းကြီးဆယ်ပါးကိုကန်တော့၊အဲ့ဒါတွေကိုကန်တော့ပြီးရင်
ခန္ဓာငါးပါးကို နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်စူးပြီး ရွတ်ဖတ်သရဇ္ဇျာယ်နေစဉ်အချိန်ကာလအတွင်းမှာ
မြတ်စွာဘုရားအား လှူဒါန်း၊
လှူဒါန်းပြီးတာနဲ့ ကံငါးပါးလည်း ဆောက်တည်ပြီးပြီ
ခန္ဓာငါးပါးလည်းလှူဒါန်းပြီးပြီဆိုလို့ရှိရင် နတ်များကို ပင့်ဖိတ်ပါ။
မိမိ၏မေတ္တာကိုလည်းခံယူပါ။
သင်တို့၏မေတ္တာကိုလည်း ခံယူပါတယ်။
ဒီတရားကို နာကြားလှည့်ပါလို့ပြောပြီးရင်
ဒီဘိသိက်တော်ကြီးမန္တာန်ကို ရွတ်ဖတ်သရဇ္ဇျာယ်ခြင်းအားဖြင့်
မိမိရဲ့ဂုဏ်သိက္ခာ၊ မိမိရဲ့ဘုန်းတန်ခိုး၊
မိမိရဲ့သီလ သမာဓိ အပေါ်မူတည်ပြီးတော့
အလွန်မှကြီးမြတ်တော်မူသော
အဘိသေက ဘိသိက်မန္တာန်တော်ကြီးဖြစ်ပါတယ်ဘုရား။ ။
မဂ်လာ ဘိသေက
မိမိ ကိုယ်ကို သိဒ္ဓိတင် _ မဂ်လာ ယူခြင်း
သီလုံရမယ် ကျေးဇူးတရားကို သိတတ်မယ်ဆိုရင်
ဘုန်းတန်ခိုးအလွန်ကြီးပါတယ် /
.
ပဌမံ လေးကျွန်းစင်္ကြာဂိုဏ်း ဆရာဇော်မင်း
Негізгі бет ဘိသိက်တော်မန္တန်
Пікірлер