အခုတလော ဝေးဝေးလံလံ ခရီးတွေမထွက်နိုင်သေးတဲ့အတွက် ရန်ကုန်မြို့နဲ့ အနီးအနား ဝန်းကျင်တွေက အပန်းဖြေရင်း သွားလာလို့ကောင်းမယ့် နေရာလေးတွေကို ရွေးချယ်ပြီး သွားဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါ သွားဖြစ်ခဲ့တဲ့နေရာလေးကတော့ မှော်ဘီမြို့နယ် ထဲက ဂျပန်ဘုရားလို့ လူသိများကြတဲ့ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ကို သွားဖြစ်ခဲ့ပါတယ်။ ကျောင်းဝန်းထဲကို ဝင်လိုက်တာနဲ့ စျေးဆိုင်တွေနဲ့ စည်ကားနေပြီး၊ ကျယ်ဝန်းတဲ့ ကားပါကင်တွေလည်း ရှိတဲ့အတွက် ကားရပ်စရာနေရာလည်း ပူစရာမလိုပါဘူး။ ကျောင်းတိုက်ဝန်းထဲမှာ ပုဂံက စေတီပုထိုးပုံစံတူလေးတွေကို တည်ထားတာမို့ မြင်လိုက်ရ တဲ့မြင်ကွင်းက ကိုယ့်ကိုကိုယ် ပုဂံကို ရောက်နေသလားလို့တောင် အထင်မှားစရာ ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ ဝေးဝေးလံလံ ခရီးတွေမသွားနိုင်သေးတဲ့သူတွေအဖို့ ဘုရားလည်းဖူးရင်း အပန်းဖြေလို့လည်းရနိုင်တဲ့ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ (ဂျပန်ဘုရား)ကို လာရောက် ဘုရားဖူး လည်ပတ်နိုင်ပါကြောင်း ဒီ vlog လေးနဲ့ တင်ပြလိုက်ရပါတယ်ခင်ဗျာ။
Негізгі бет ဘုရားလည်းဖူး အပန်းလည်းဖြေလို့ရတဲ့ မှော်ဘီဂျပန်ဘုရား
Пікірлер: 6