အာဏာရှင်ကိုတိုက်ထုတ်ဖို့ လက်နက်ကိုင်ခဲ့တဲ့ အမျိုးသမီးငယ် Sam
"အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပုံစံခွက်ထဲက အတွေးတွေ ထားခဲ့လိုက်ပါတော့။ တော်လှန်ရေးဆိုတာ စစ်ကောင်စီပြုတ်ကျရေးအတွက်တင်မကဘူး စနစ်တစ်ခုလုံးကိုတော်လှန်ရမှာ"
- စံ (BPLA ပြန်ကြားရေးအဖွဲ့ဝင်)
စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့လူထုကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ သတ်ဖြတ်ဖြိုခွင်းခဲ့တာကြောင့် ငယ်ရွယ်နုနယ်တဲ့ ဆယ်ကျော်သက်လူငယ်တွေ မြောက်မြားစွာက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေ ဆုံးရှုံးရပြီးနောက်မှာ လက်နက်ကိုင်တိုက်မှရတော့မယ်ဆိုတဲ့ အတွေးကြောင့် မြန်မာ့လူငယ်၊ လူရွယ်များစွာဟာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီထဲကမှ BPLA တပ်တော်က စစ်မေတစ်ဦးဖြစ်သူ SAM တယောက် စစ်အာဏာရှင်တော်လှန်ရေးခရီးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုတွေဖြတ်သန်း ရုန်းကန်ခဲ့ရလဲဆိုတာကို မဲခေါင်သတင်းဌာနရဲ့ ဒီတပတ် “တော်လှန်စွန့်စား သူတို့စကား” ကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်။
#MeKongNews
#တော်လှန်စွန့်စားသူတို့စကား
#BPLA #Sam
Негізгі бет BPLA ပြန်ကြားရေးအဖွဲ့ဝင် "Sam"
Пікірлер: 169