မင်္ဂလာပါ ။
ဒီတစ်ပတ်တော့ ကျွန်မရဲ့ပထမဆုံး ချယ်ရီပန်းကို အရှင်လတ်လတ်မြင်ဖူးတဲ့ အတွေ့အကြုံလေးပါ ။ 🌸
ဆောင်းရာသီဆို ရှမ်းပြည်တကြောချယ်ရီတွေ ဝေဆာလေ့ရှိပါတယ် ။
ဒီထဲမှာမှ ရှမ်းအရှေ့ ကျိုင်းတုံကနေ မိုင်၂၀ခန့်သွားရတဲ့ သာယာအေးချမ်းတဲ့ လွိုင်မွေတောင်စခန်းမြို့လေးရဲ့ ချယ်ရီပန်းပွဲတော်ကို ရောက်ဖြစ်ခဲ့ပါတယ် ။
ကျိုင်းတုံက ၁နာရီလောက်ကားစီးရပြီး မနက်-နေ့လည် လိုင်းကားတွေလည်းရှိပါတယ် ။
တစ်နှစ်တစ်ခါ ချယ်ရီပွင့်ချိန်ဆို ချယ်ရီပင်တန်းလေးမှာ တခြားမြို့ကလူတွေပါအလည်လာပြီး ချယ်ရီကြည့်လေ့ရှိပါတယ် ။
စတိတ်ရှိုးလည်းရှိပြီး ဒေသထွက်စားစရာတွေကိုအားပေးလို့ရတဲ့ စျေးဆိုင်တန်းတွေလည်းရှိတာမို့ အပြန်လက်ဆောင်ဝယ်သွားကြလေနော့ ။
ဟုတ်ကဲ့! ကျွန်မ မလှိုင်းပါ ။
#winter #sakura #cherry
#budget #travel #vlog
Негізгі бет Cherry Festival 2023 🌸 (လွိုင်မွေတောင်စခန်းမြို့က ချယ်ရီပန်းပွဲတော်ကို တူတူသွားကြမယ်)
Пікірлер: 6