🏵️ ယနေ့ (၂၈/၁၁/၂၀၂၁) တွင်တင်ဆက်ထားသည့်တရားတော်မှာ ဆရာဦးမောင်မောင် (၄/၆/၂၀၁၈)ရက်နေ့က တပည့်သာဝကကြီး နှစ်ဦးတို့အား ဝိဘဇ္ဇလုပ် ဆွေးနွေး ဟောကြားခဲ့သော (၅)နာရီတရားတစ်ပုဒ်မှ တတိယပိုင်း (၄၀)မိနစ်စာမျှကို ကောက်နုတ်တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။
🏵️ ယခုတင်ဆက်မည့် တရားအပိုင်းတွင် ဆရာဦးမောင်မောင်က တရားအကြိမ်ကြိမ် နာယူခြင်းဖြင့် သိရှိနားလည်ခြင်းနှင့် ကိုယ်တိုင် စီစစ်ဝေဖန် ဝိဘဇ္ဇပြုလုပ်ခြင်းဖြင့် ကိုယ်တိုင် ကိုယ်ပိုင်အဖြစ် လက်ခံသိရှိခြင်းတို့၏ ခြားနားမှုကို မီးမောင်းထိုးပြီး ရှင်းလင်းဟောကြားထားပါသည်။
🏵️ ထူးခြား ထိရောက်သည့် လမ်းညွှန်မှု တစ်ရပ်ကတော့ နိဗ္ဗာန်ချမ်းသာကို စွန့်နိုင်မှ ကတဉာဏ်ဖြစ်ပြီး ဝိမုတ္တိရသရမည် ဆိုသည့် အချက်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါည်။
🏵️ (၅)နာရီဆက်တိုက် ဝိဘဇ္ဇလုပ် ဆွေးနွေးခဲ့သည့် တရားပွဲလေးကို ဆရာ-တပည့်များ ရင်းနှီးပွင့်လင်းစွာ စားရင်းသောက်ရင်း ပြုလုပ်ခဲ့ကြသဖြင့် အချို့သော ရယ်ရယ်မောမောနှင့် တရားနှင့်တိုက်ရိုက် မပတ်သက်သည့် အပြောအဆိုများကို စီစစ်ဖြတ်တောက်ခဲ့ရပါသည်။
တရား ရသမပျက်အောင်နှင့် တရားခေါင်းစဉ် ညီမျှမှုရှိစေရန် တရားတစ်ပုဒ်လျှင် မိနစ်(၄၀) ဝန်းကျင်ဖြင့် တည်းဖြတ်ခဲ့ပါသည်။
🏵️ စိတ်ရှည်သည်းခံပြီး စိတ်ဝင်စားစွာ အားပေးခဲ့ကြသော WTC ၏ဓမ္မမိတ်ဆွေများအတွက်(၅/၁၂/၂၀၂၁) တနင်္ဂနွေနေ့တွင် တင်ဆက်မည့် တရားတော် အပိုင်း(၄) တွင် ဆရာဦးမောင်မောင်၏ ထူးခြားသော အမြော်အမြင်၊ ကရုဏာ၊ စေတနာ တို့ကိုပိုမိုထင်ရှား ပေါ်လွင်စေမှာဖြစ်ပါကြောင်း ကြိုတင် တင်ပြ အစီရင်ခံအပ်ပါသည်။
🏵️ ယခုတရားတော်ကိုလည်း
“သစ္စာနယ်နှင့်သစ္စာလွတ်တဲ့နယ်ပိုင်းခြားသိ၊
ကတဉာဏ်ဖြစ်မှ ဝိမုတ္တိ” တရားတော် ဟုအမည်ပေး တင်ဆက်လိုက်ရပါသည်။
🏵️ ဝယဓမ္မသင်္ခါရာအပ္ပမာဒေးနသမ္မာဒေထ။
🏵 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။
✳️ ✳️ ✳️
Негізгі бет D (9) - သစ္စာနယ် နှင့် သစ္စာလွတ်တဲ့နယ် ပိုင်းခြားသိ၊ ကတဉာဏ်ဖြစ်မှ ဝိမုတ္တိ တရားတော်။
Пікірлер: 25