ဒီးမော့ဆိုမှာ အကြမ်းဖက်စစ်စခန်းကို ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်းရုပ်သံဖိုင် Loikaw PDF ထုတ်ပြန် (ရုပ်သံ)
~~~~~~~~~~~~~~
ဇန်နဝါရီ ၁၀
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ စစ်စခန်းတွေကို LoikawPDFနဲ့ Falcon Wingsတို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲကာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Loikaw PDF တပ်ဖွဲ့က facebook လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်ပြန်လိုက်ပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ရယူတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သေးဆူလဲကျေးရွာအနီးဝန်းကျင်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း Loikaw PDF နဲ့ Falcon Wings တို့ရဲ့ ဒရုန်းတွေ အသုံးပြုပြီး ထိထိရောက်ရောက် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တဲ့အပြင် မြေပြင်က တော်လှန်ရေးတပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေ အတော်လေး အထိနာခဲ့တယ်လို့ သိရပါတယ်။
~~~~~~
မေဦးကျော်
Негізгі бет ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်းရုပ်သံဖိုင် Loikaw PDF ထုတ်ပြန် (ရုပ်သံ)
Пікірлер: 31