(Unicode)
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား တရားစွဲဆိုကြောင်း လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့
ရန်ကုန် - ဖေဖော်ဝါရီ - ၃၊ ၂၀၂၁
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်မြင့်တို့ကို ဇဗ္ဗူသီရိတရားရုံးတွင် တရားစွဲဆိုထားပြီး ချုပ်ရမန်ယူလိုက်ကြောင်း လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လျက်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်/သွင်းကုန် အက်ဥပဒေပုဒ်မ (၈)၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) တို့ဖြင့် တရားစွဲဆိုထားတဲ့ စာရွက်စာတမ်းတွေအရတွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တာဝန်ရှိသူတစ်ချို့ကလည်း တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာရေးသားမှုတွေရှိနေပါတယ်။
(Zawgyi)
Негізгі бет ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား တရားစွဲဆိုကြောင်း လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့
Пікірлер