ဒီဇင်ဘာ - ၂၁ ၊၂၀၁၉
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေအနေနဲ့ ဒေသတွင်းလူထုရဲ့ လူနေမှုဘဝနဲ့ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်သွားကြမယ်လို့ ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ( ၂၅ ) နှစ်မြောက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် တပ်နှစ်ပတ်လည်နေ့မှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။
ဒီအခမ်းအနားကို ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ ပြုလုပ်ခဲ့တာပါ။
ဒေသတွင်း တည်ငြိမ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည်သာ အဓိကကျပြီး အဲ့ဒီငြိမ်းချမ်းရေးအပေါ် မလွတ်တမ်းဆွဲကိုင်ထားဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးစောမိုရှေးက ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ မူးယစ်ဆေးဝါးကင်းစင်ဖို့အတွက် မူးယစ်ဆေးဝါးကို ရောင်းဝယ်တာတွေမပြုလုပ်ဖို့နဲ့ လုပ်ကိုင်တဲ့သူတွေရှိရင်လည်း သက်ဆိုင်ရာအာဏာပိုင်တွေကို သတင်းပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်ကြီးစောမိုရှေးက တိုက်တွန်းထားပါသေးတယ်။
ဒီကေဘီအေတပ်နှစ်ပတ်လည်နေ့ အခမ်းအနားကို ကေအန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနဲ့ ငြိမ်းချမ်းရေးကော်မရှင် ၊ ကရင်လက်နက်ကိုင်အဖွဲ့ စတာတွေ တက်ရောက်ခဲ့တာပါ။
ဒါပေမယ့် ဒီကေဘီအေတပ်နှစ်ပတ်လည်နေ့မှာ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ဟာ တက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
ဒီကေဘီအေနှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းဖို့နဲ့ပတ်သက်ပြီး ထပ်ပြီးဆွေးနွေးရဦးမယ်လို့ ဒီကေဘီအေဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်က အခုလိုဆိုပါတယ်။
ကရင်နယ်ခြားစောင့်တပ် တပ်နယ် ၄ တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး စောမို့သိုကတော့ ခွဲထွက်ဒီကေဘီအေအဖွဲ့ မလာတာနဲ့ ပတ်သက်ပြီး အခုလိုသုံးသပ်ပြောဆိုသွားပါတယ်။
ဒီကေဘီအေအဖွဲ့ဟာ ၁၉၉၄ ခုနှစ်က ကေအန်ယူကနေ ခွဲထွက်လာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ( NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး
Subscribe to our channel at bit.ly/2CVSP6d
Check out our website: www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv
Негізгі бет ဒေသဖွံ့ဖြိုးရေး တစိုက်မတ်မတ်ဆောင်ရွက်မယ်လို့ ဒီကေဘီအေစစ်ဦးစီးချုပ်ဆို
Пікірлер: 58