ဒီခရီးစဉ်ကတော့ New rider နဲ့အတူ တောင်ကြီး တောင်ခြေက ကျေးရွာတွေကို လှည့်ပတ်ကြည့်တဲ့ ခရီးတိုလေးဆိုပြီး သွားခဲ့ကြတာပါ။ တောင်ကြီး view point ပေါ်ကနေ တောင်အောက်မှာရှိတဲ့ ကျေးရွာလေးတွေကို ကြည့်ရှုရင်း အရောက်သွားချင်တဲ့စိတ်ဖြစ်ခဲ့တာ ကြာပါပြီ။ အပေါ်ကနေမြင်ရသလိုပါပဲ ကျေးရွာတွင်းက ရှိတဲ့အိမ်လေးတွေက လှသလို စိုက်ခင်းတွေလည်း တမျော်တခေါ်တွေမို့ အရမ်းကိုလှပါတယ်။
ပုံမှန်လမ်းလေးအတိုင်းသွားမယ်ဆို လမ်းမမှားနိုင်ပေမဲ့ အေးသာယာမြို့တွင်းက ဖြတ်လမ်းအတိုင်းသွားမိတာ သင်းချိုင်းကုန်းပါ ရောက်သွားတယ်။ လမ်းကတော့ အတော်ကိုကောင်းပါတယ် ဘော်ဒါတွေလည်း view point ကနေ ကြည့်ရတာ အားမရရင် ကား၊ဆိုင်ကယ်တွေနဲ့လည်း အနီးကပ်ကြည့်ရှုဖို့ သွားနိုင်ပါတယ်။
သွားရင်း သွားရင်းနဲ့ ပေါမူဘူတာရောက်တဲ့ချိန်မှာတော့ ပွဲတော်ရှိမှန်း သိလိုက်ရတယ်။ ပအိုဝ်းအခေါ် ''လူဖိုင်း''ပွဲတော်ပါ ငယ်ငယ်က အမှတ်တရများစွာနဲ့ ပွဲတော်ရောက်ရင် အရမ်းပျော်ခဲ့ရတဲ့ပွဲမျိုး။ ကျန်တာတွေတော့ Vlog မှာသာ ကြည့်ရှုအားပေးပေတော့ ...
facebook page ကိုလည်း လာလည်ဖို့ဖိတ်ခေါ်ပါရစေဗျာ..
...........................................................................................................
/ hpbicyclelover
#hpbicyclelovers #kskvlog #လူးဖုဲင် #ပွယ်လူးဖုဲင်
Негізгі бет ဒေသထုတ်ဒုံးများ လွတ်တင်ပွဲနှင့် ကြုံကြိုက်ခဲ့သည့် တောင်ကြီးရဲ့ တောင်ခြေခရီးစဉ်
Пікірлер