Healing Journal Entry Series
စကားလုံးတွေဟာ အသက်ရှိတယ်။
စကားလုံးတွေဟာ ကုစားနိုင်တဲ့ စွမ်းအင်တွေရှိတယ်။
စကားလုံးတွေဟာ ခံစားချက်ချင်းတူတဲ့ သူတွေကိုနီးကပ်စေတယ်။
စကားလုံးတွေဟာ အမှောင်မိုက်ဆုံးအချိန်မှာ မီးအိမ်တစ်ခုလို မျှော်လင့်ချက်ကို ဖြစ်စေတယ်။
စကားလုံးတွေဟာ အရှုံးပေးတော့မယ့် သူတစ်ယောက်အတွက် နောက်ဆုံး တင်းတင်းဆွဲထားတဲ့ သတ္တိကြိုးတစ်ချောင်းဖြစ်တယ်။
Anii Healing Journal လေးတွေရေးရတာ သဘောကျပါတယ်။
ကိုယ်ခံစားနေရတဲ့ အရာတွေ၊ ကိုယ့်ရဲ့ ခံစားချက်တွေ၊ ပျော်ရွှင်ရသောနေ့ဖြစ်ဖြစ် ဝမ်းနည်းရသော နေ့ဖြစ်ဖြစ် စာအုပ်ကလေးထဲမှာ စကားလုံးလေးတွေချရေးပြီး မှတ်တမ်းတင်လိုက်ခြင်းဟာ ကိုယ့်ကို ကုစားပေးနိုင်တဲ့ healing energy ကို ဖြစ်စေတယ်။
ဒီလိုနဲ့ ကို့တစ်ယောက်တည်းအတွက် healing journal လေးတွေရေးရင်း စကားလုံးတွေဟာ မိုင်ပေါင်းထောင်ချီ အဝေးကြီးက ကိုယ့်နဲ့ခံစားချက်ချင်းတူတဲ့ သူတွေနဲ့ ဆုံစည်းစေခဲ့ တယ်။
ဒါကြောင့် Anii စကားလုံးတွေကနေတဆင့် energy connection တွေအများကြီးပေါင်းဆုံမိကြစေဖို့ Podcast လေးစတင်ဖို့ ရည်ရွယ်ထားခဲ့တာကြာပါပြီ။
အခုတော့ Anii ရဲ့ Healing Journal Entry series လေးကို အသက်သွင်းနိုင်ခဲ့ပြီ။
ဘာရယ်မဟုတ်ဘဲတစ်နေ့တာ ပင်ပန်းလာခဲ့သမျှ ကို အနားယူအဖြေပေးဖို့ ကိုယ်နဲ့ နှလုံးသားချင်းတူတဲ့ ကိုယ့်ကို နားလည်ပေးတဲ့ စကားလုံးလေးကို နားထောင်လိုက်ရခြင်းဟာ နှစ်သိမ့်မှု အားအင်ကိုဖြစ်စေတယ်လေ။
Anii ဒီနေ့မှာ Healing Journal Entry Episode 1 အနေနဲ့ Anii ရဲ့ ကျေးဇူးတရားသစ်ပင်စာအုပ်လေးထဲက အတွေးအမြင်လေးတစ်ချို့ကို စကားလုံးလေးတွေနဲ့ဖော်ပြထားပါတယ်။
Healing intention ကုစားပေးနိုင်ပါစေဆိုတဲ့ မေတ္တာ energy နဲ့ စကားလုံးတွေဖြစ်တာကြောင့် နားထောင်လိုက်ရတဲ့ သူတိုင်းရဲ့ ဘဝမှာ သိမ်မွေ့လှတဲ့ ထွေးပွေ့မှုတစ်ခု ဖြစ်စေမယ်လို့ ယုံကြည်ထားပါတယ်။
ဒီနေ့အတွက် ခေါင်းစဉ်ကလေးကတော့ Remember to Breathe
အသက်ရှုဖို့ မမေ့ပါနဲ့နော်
Music
Looking at the stars by Chiro
Info
Title : Looking at the stars
Artist : Chiro
Genre : BGM
Facebook page - E l y s i a n
Негізгі бет Ойын-сауық ဒီနေ့မှာ အသက်ရှူဖို့ မမေ့ပါနဲ့ နော်( Healing Journal Entry Episode 1 )
Пікірлер: 55