ပါဝါဘန့် ဘက်ထရီကို ကြိုက်သလိုဖြုတ်တပ်လို့ရမဲ့ Power Bank Cover
www.mthonlinestore.com/product...
#Price: 9500 Kyats (Power Bank Cover)
#Price: 2000 Kyats (18650 Battery 3.7V)
ပါဝါဘန့်သုံးဖူးသူတိုင်းသိပါတယ်။ အပျက်အများဆုံးက အတွင်းထဲမှာထည့်ထားသည့် ဘက်ထရီပါ။ ကျန်သည့်အစိတ်အပိုင်းကတော့ တော်ရုံနဲ့တော့ မပျက်ပါ။ ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဒီ Power Bank Cover လေးက ကောင်းစွာဖြေရှင်းပေးပါလိမ့်မည်။
ပါဝါဘန့် Cover ထဲကို ဓာတ်ခဲ (၁) လုံးမှ (၄) အထိထည့်သွင်းအသုံးပြုနိုင်ပါသည်။ အသုံးပြုရမည့် ဓာတ်ခဲအမျိုးအစားတွေကတော့ Model 18650 3.7 V 4800 mAh ပါ။
ပါဝါဘန့် Cover လေးက အတွင်းမှာထည့်ထားသည့် ဓာတ်ခဲ ပျက်သွားရင် အလွယ်တကူပြန်ပြီးလဲလို့ လွယ်အောင်ပြုလုပ်ထားပါသည်။
ဘက်ထရီအားကိုလည်း LED Display ဖြင့် ပြပေးပါသည်။ ၂၅ ၊ ၅၀ ၊ ၇၅ ၊ ၁၀၀ ဆိုပြီးပြပေးပါသည်။
အရေးပေါ် အသုံးပြုရန်အတွက် ဓာတ်မီးလေးလဲပါပါသည်။
ပါဝါဘန့်ဓာတ်ခဲကို ပြန်လည်အားသွင်းရန် အတွက် ပုံမှန် Android ခေါင်းဖြင့် အားသွင်းနိုင်ပါသည်။ ပါဝါဘန့်မှ ဖုန်းများကို ပြန်လည်အားသွင်းရန် အတွက် Output ကို 1A တခေါင်း ၊ 2A တခေါင်းဆိုပြီး (၂) ပေါက် ပါပါသည်။
Case Cover ကို အကြမ်းပတမ်းခံသည့် ABS ကော်သားဖြင့်ပြုလုပ်ထားပါသည်။ မျက်နှာပြင်ကိုလည်း လက်ဗွေရာမထင်အောင် အထူးဒီဇိုင်းဖြင့် ပြုလုပ်ထားပါသည်။
အရွယ်အစားကတော့ အလျား 11.5 cm ၊ အနံ 8 cm ၊ အထူ 2 cm ရှိပါသည်။ အလေးချိန်ကတော့ ဓာတ်ခဲ မပါ 81 g ရှိပါသည်။
အရောင်တွေကတော့ လိမ္မော်ရင့် ၊ မိုးပြာနု ၊ အမည်း ၊ အဖြူ ဆိုပြီး (၄) မျိုးရနိုင်ပါသည်။
=========================================================
=========================================================
MTH Online Store
/ mthonlinestore
/ shop
099 70300070 (Viber)
097 70300070
m.me/mthonlinestore
Zello Channel: MTH Online Store
Негізгі бет DIY Power Bank Cover 4 Batteries
Пікірлер: 1