Myanmar Brilliance Auto Co., Ltd. နှင့် Zenith EV International Co., Ltd. တို့မှ တင်သွင်းသည့် EV (electric vehicle) ယာဉ်အမျိုးမျိုး၊ သုံးဘီး ၊ လုပ်ငန်းသုံး ယာဉ်အမျိုးမျိုး မိတ်ဆက်ခြင်း အခမ်းအနားကို ဧပြီလ (၁) ရက်နေ့ က ရန်ကုန်၊ Novotel Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ EV လျှပ်စစ်ကားတွေကို လူကြိုက်များ သုံးစွဲလာတာကြောင့် မြန်မာနိုင်ငံမှာလည်း တင်သွင်းရောင်းချခြင်း ဖြစ်တယ်လို့ သိရပါတယ်။ Young EV (Hatchback) စျေးနှုန်းမှာ သိန်း (၆၅၀)၊ Kaiyi X3 Pro (SUV) စျေးနှုန်းမှာ သိန်း (၈၅၀)၊ Haima 7X E (MPV 7 Seats) စျေးနှုန်းမှာ သိန်း (၁၂၀၀) ဖြစ်ပြီး၊ ပထမဦးဆုံး ဝယ်ယူတဲ့ အစီး (၅၀) အတွက် အထူး ပရိုမိုးရှင်းအဖြစ် ငွေကျပ် သိန်း (၅၀) တိတိ Cash Back ပြန်ပေးသွားမယ်လို့ သိရပါတယ်။
@MyanmarCelebrity Update: EV Car Launching was held at the Novotel Hotel, Yangon on April 1, 2023. #EVCar #MyanmarBrillianceAuto #BrillianceAuto #ZenithEV #EVMyanmar #YoungEVHatchBack #KaiyiX3ProSUV #Haima7XEMPV
Негізгі бет EV လျှပ်စစ်ကားများ မြန်မာနိုင်ငံတွင် တင်သွင်းရောင်းချမည်!
Пікірлер: 41