Q: Group တွေကနောက်ပိုင်းမှာ Engagement လုံးဝမဖြစ်တော့ဘဲ Reach လည်း တော်တော်ကျသွားတယ်ဗျ။ အဲ့ဒါဘာဖြစ်တာလဲဗျ။
A: ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မြင်တာက Group တွေရဲ့ Engagement တက်ဖို့အတွက်က အရေးကြီးတာက အဲ့ဒီ Group တွေထဲမှာ ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ post တွေ ရှိနေဖို့ကတော့ အဓိကလိုအပ်တယ်လို့တော့ ကျွန်တော်မြင်တယ်ပေါ့နော် အဲ့လိုမဟုတ်ဘူး ဆိုလို့ရှိရင်တော့ Group တွေက Engagement ကျမှာပါပဲ။ ဘာလို့လဲဆိုတော့ အခု Facebook ကလည်း…အခုမှ မဟုတ်ပါဘူး။ ကျွန်တော်မြင်တဲ့ Facebook ရဲ့ ပုံစံကိုက Interaction ရှိတယ်ဆိုရင် ပိုပြီးတော့ ပြပေးတယ်။ Interaction မရှိတော့ဘူးဆိုလို့ရှိရင် မပြပေးတော့ဘူးဆိုတော့ကျတော့ ကျွန်တော်တို့ အဲလိုမျိုး Group တွေရဲ့ပို့စ်တွေ ကျသွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်။ အဲဒီဟာတစ်ပိုင်းပါ။ နောက်တစ်ပိုင်းကကျတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Group တွေကို ကျွန်တော်အခုလည်း လိုက်ကြည့်ဖြစ်နေတာပေါ့နော်။ အဲ့တော့လိုက်ကြည့်ဖြစ်နေတဲ့နေရာမှာ ကျွန်တော် Group တွေကိုသိပ်ပြီးတော့ ဘယ်လိုခေါ်မလဲ news feed မှာသိပ်မမြင်ရဘူး။ ကျွန်တော်မြင်ရတာက ဒီ Wildlife of Myanmar ဆိုတဲ့ ဒါတွေရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့လိုမျိုး Ads တွေကိုတော့မြင်ရတယ်။ ပြီးလို့ရှိရင် ကျွန်တော့်သူငယ်ချင်းတွေ share တဲ့ Friend တွေ share တဲ့ပို့စ်တွေ အဓိကမြင်ရတယ်။ အဓိက share လုပ်ထားတဲ့ပို့စ်တွေပဲ ကျွန်တော်ဒီမှာအဓိကမြင်နေရတာပေါ့နော်။ ဆိုတော့ကျတော့ sharing လုပ်တယ်ဆိုတဲ့ဟာကတော့ ပိုပြီးတော့ Facebook အနေနဲ့ပြလာတာကို ကျွန်တော်သတိထားမိတယ်။ ဆိုတော့ Group ရဲ့ engagement တက်ချင်တယ်ဆိုလို့ရှိရင်တော့ အထဲမှာ ပို့စ်များများ တက်ဖို့ လိုတာပေါ့လေ။
#marketing #digitalmarketing #market #career #askalex #askalexmm
Негізгі бет Facebook Group တွေမှာ Reach & Engagement တက်ဖို့ ဘာလုပ်သင့်လဲ?
Пікірлер: 1