Q: Hi Ko Alex! ကိုယ့်ရဲ့ customers တွေကို post တင်တဲ့အခါ ဘယ်လို address လုပ်သင့်လဲ? သူများတွေလို မင်မင် ကာကာ တွေက သိပ်အဆင်မပြေလို့ပါ။
A: ကျွန်တော်ကတော့ အဲ့လောက်အများကြီး မစဉ်းစားဘူးပေါ့နော်။ မစဉ်းစားဘူးပေါ့နော်ဆိုတာ ဒီလို.. ကျွန်တော်ကဘာကိုအရင်ဆုံးအခြေခံလဲဆိုတော့ ကျွန်တော်တို့ရဲ့ brand persona ကိုကျွန်တော်အရင်ဆုံးအခြေခံတယ်။ Brand persona ဆိုတာက ကိုယ့်ရဲ့ brand ကိုလူတစ်ယောက်အနေနဲ့မြင်မယ်ဆိုလို့ရှိရင် အဲ့ဒီလူက ဘယ်သူလဲ? ကျွန်တော် Revo Tech မှာတုန်းက Unilever Food Solutions ဆိုတဲ့ (UFS)ကို ကိုင်ခဲ့တုန်းက အဲ့တုန်းက (၂၀၁၃)ခုနှစ်တုန်းက ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ Brand persona က Chef တစ်ယောက် 5-Star Hotel မှာအလုပ်လုပ်နေတဲ့ Chef တစ်ယောက်၊ အဲ့တော့ အဲ Chef ကိုကျွန်တော်သွားမေးကြည့်တယ်။ ဘယ်လိုစကားပြောလဲပေါ့နော်။ ကိုကြီးညီလေးနဲ့စကားပြောကြတာများတယ်။ အဲ့တော့ညီလေးဆိုတဲ့စကားကို ကျွန်တော်တို့ရဲ့ Content တွေထဲမှာကျွန်တော်ထည့်သုံးတယ်။ ဆိုတော့အရေးကြီးတာကအဲ့ဒီ Brand Persona တစ်ခုကိုကျွန်တော်တို့ကတည်လိုက်မယ်ဆိုလို့ရှိရင်က အဲ့ဒီတည်ထားတဲ့ Persona ပေါ်မှာမူတည်ပြီးတော့ အဲ့ဒီ Persona ရဲ့လူတွေကိုတိုက်ရိုက်သွားမေးကြည့်ပါ။ သူတို့အနေနဲ့ဘယ်လိုစကားလုံးသုံးတာလဲ၊ မင်းဆိုတဲ့စကားလုံး မင်းဆိုတဲ့စကားလုံးကသိပ်ရိုင်းလွန်းပါတယ်။ သိပ်ပြီးတော့ informal, ရိုင်းတယ်ဆိုတာထက် informal ကျလွန်းတယ်။ အဲ့တော့ အစ်ကိုဆိုတဲ့စကားလုံး.. ခင်ဗျားဆိုတဲ့စကားလုံး ခင်ဗျားဆိုတဲ့စကားလုံးကလည်း သူစိမ်းဆန်လွန်းတယ်လို့တွေးတယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ ဘာစကားလုံးမှမသုံးနဲ့ရတယ်။ ကျွန်တော်အမြဲတမ်းသုံးတဲ့စကားလုံးက ကျွန်တော်ဆိုတဲ့စကားလုံးသုံးတယ်။ ကိုယ့်ကိုကိုယ်ဆိုတဲ့စကားလုံး ကိုယ်ဆိုတဲ့စကားလုံးကျွန်တော်သုံးလေ့ရှိတယ်။ ဥပမာ ကျွန်တော်ထားပါတော့ ကျွန်တော်စာထဲကနေပြီးတော့မှ လှမ်းပြီးခေါ်ချင်တဲ့ ကိုယ့်ရဲ့ customer တွေကို address လုပ်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်က ကိုယ့်ဆိုင်လေ ကိုယ့် brand လေဆိုတဲ့စကားလုံးကို ကျွန်တော်အများကြီးသုံးလေ့ရှိတယ်။ ဆိုတော့ ဒါက ကျွန်တော် First person point of view နေရာကနေ ကျွန်တော်ကယူရေးတာ။ ဟိုလိုမျိုးကြီး ကာကာတို့ သိတယ်မလား ဟိုဘယ်လိုခေါ်မလဲ Marketer ဆိုလို့ရှိရင် တာတာတို့ဆိုတဲ့စကားလုံးထက်စာလို့ရှိရင် မာမာတို့တာတာတို့ဆိုတဲ့ စကားလုံးထက်စာလို့ရှိရင်ကျွန်တော်က ကိုယ့် Brand ကိုယ့်ဆိုင် ကိုယ့်ကာစတန်မာဆိုတဲ့ ပုံစံမျိုးကို ကျွန်တော်က အမြဲတမ်း ယူရေးတဲ့ အကျင့်ရှိပါတယ်။ ဆိုတော့ ကိုယ်က ဘယ်လို Tone of voice ဆိုတဲ့ နေရာမှာပဲ ကျွန်တော်တို့ ကြည့်မယ်ဆိုလို့ရှိရင်တော့ပိုပြီး အဆင်ပြေမယ်လို့ထင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm
Негізгі бет Facebook မှာပို့စ်တင်ရင် ကိုယ့်ရဲ့ Customer တွေကို ဘယ်လို Address လုပ်သင့်လဲ?
Пікірлер