အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ်(FDA) လျှောက်ထားခြင်းဆိုင်ရာ သိရှိရန်အချက်များ
==========================================================
⁉️FDA လက်မှတ်ဆိုတာ ဘာလဲ?
FDA အသိအမှတ်ပြုထောက်ခံချက်လက်မှတ်ဆိုသည်မှာ ထုတ်ကုန်ပစ္စည်းများအား ကြီးကြပ်ကွပ်ကဲထိန်းချုပ်ပေးပြီး ထောက်ခံချက်ပေးသည့်အသိအမှတ်ပြု လက်မှတ်တစ်ခုပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် အစားအသောက်များ၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများစသည်တိုကို "Quality, Safety, Efficacy" ဖြစ်စေရန်ရည်ရွယ်၍ ကြီးကြပ်ထိန်းချုပ်ကွပ်ကဲမှုလုပ်ငန်းစဥ်တစ်ရပ်ပင်ဖြစ်သည်။
🎯အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ် (FDA) ကို လျှောက်ထားရယူခြင်းအားဖြင့် စားသုံးသူများအား ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်ကုန်များဖြစ်ကြောင်း အာမခံချက်ပေးနိုင်မည်ဖြစ်ပြီး ထုတ်ကုန်များကိုလည်း စားသုံးသူများအနေဖြင့် ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူလာကြမည်ဖြစ်သည်။ ထို့အပြင် မိမိတို့ထုတ်ကုန်များအား FDA လက်မှတ် လျှောက်ထားခြင်းဖြင့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်း၊ Brand တစ်ခုအဖြစ် တည်ဆောက်ရာတွင် လွယ်ကူခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
Негізгі бет FDA အကြောင်းသိကောင်းစရာ
Пікірлер: 4