ဂျိုးဘိုင်ဒင်ရဲ့ အောက်ခြေဘဝတွေဟာ အင်မတန်နားထောင်ကောင်းပေမယ့် လက်ရှိသမ္မတဖြစ်နေချိန်မှာတော့ အမှားအယွင်းပေါင်းများစွာရှိနေတာကို နိုင်ငံတကာ ပညာရှင်တွေ ထောက်ပြထားပြီးသားဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့သာဖြစ်သူ ဟန်တာဘိုင်ဒင်ဟာလည်း တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်ထားပြီး တရားမဝင် ငွေကြေးစီးဆင်းမှုတွေထဲမှာ တရာခံအဖြစ်ပါဝင်နေတာဖြစ်ပါတယ်။ ဒါအပြင် ရုရှား - ယူကရိန်းစစ်မှာ လွှတ်တော်တွေဆီက ငွေကြေးထောက်ပံ့မှုရနိုင်ရေး လုပ်ဆောင်ခဲ့တာတွေကြောင့် Government Shutdown မဖြစ်ရုံလေးအထိ ကြုံတွေ့ခဲ့ရပြီးပါပြီ။ အစ္စရေးစစ်ပွဲမှာလည်း အစ္စရေးဘက်က ရပ်တည်ပေးရင်း ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို ရင်ဆိုင်နေရပြန်တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့အမှားတွေကို အမေရိကန်တွေ ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။
Narrator - Than Zin Cho
Script - Zaw Htet Aung
Негізгі бет Ойын-сауық ဂျိုးဘိုင်ဒင် သို့မဟုတ် တရုတ်လွှမ်းမိုးခံသမ္မတ
Пікірлер