၁၄၂ မိုင်ကျော် "ဒေးစွန်ပါတောင်" ခရီးစဉ်...
ဒီ Vlog လေးကတော့ သမိုင်းဝင် ဆံတော်ရှင် ဒေးစွန်ပါတောင် နှင့် ဘုရားကြီးမြို့ ဆုတောင်းပြည့်သမိုင်းဝင် မဟာဝိဇယရံသီစေတီတော်မြတ်ကြီး ကို စက်ဘီးနဲ့သွားရောက်ခဲ့တဲ့ Vlog လေးဖြစ်ပါတယ်။
🚵🏼ခရီးစဉ်အသေးစိတ်လေးပြောပြပေးထားလို့ Vlog လေးနည်းနည်းရှည်သွားပါတယ်။
🚵🏼 ခရီးစဉ်မှာ Biker(၆) ယောက်အတူတူစီးနင်းခဲ့ကြပြီး
ရန်ကုန် သုဝဏ္ဏမှ မနက် (၄ : ၂၀) မှာစတင်ကာ အသွားအပြန် ၁၄၂မိုင် (ကီလို ၂၂၇ ) ကျော်စီး နင်းခဲ့ကြပါတယ်။
ခရီးစဉ်ဝေးတာကြောင့် ရန်ကုန်မှမနက်စောစောထွက်ခဲ့ကြပေမယ့် ည (၈)နာရီကျော်မှပြန်ရောက်ခဲ့ကြပါတယ်
🚵🏼နင်းချိန်ကြီးပဲ (၁၀)နာရီကျော်ကြာမြင့်ခဲ့ပါတယ်။
🚵🏼ဆောင်းမနက်ခင်းကြောင့် မနက်စောစောနဲ့ညနေခင်းတွေမှာ အေးနေခဲ့ပေမယ့် နေ့လည်ခင်းကတော့ ပူပြင်းတဲ့နေရောင်ထဲမှာနင်းခဲ့ကြပါတယ် ။
ခရီးစဉ်ပြီးဆုံးအောင်နင်းမယ်ဆိုတဲ့စိတ် ဘုရားဖူးချင်တဲ့စိတ်ကိုပဲ အာရုံထားပြီး နင်းခဲ့ကြပါတယ်။
🚵🏼 ခရီးစဉ်ပြီးဆုံးအောင်နင်းနိုင်ခဲ့လို့ ဂုဏ်ယူမိသလို အဖွဲ့ထဲမှာ
လူငယ်တွေရဲ့ရှေ့မှာဦးဆောင်နင်းနိုင်ခဲ့တဲ့ အသက် (၆၆)နှစ်ရှိတဲ့ အဘ ပါဝင်စီးနင်းခဲ့လို့လေးစားအားကျရသလို
အကို၊ညီတွေနဲ့ အတူတကွစီးနင်းခွင့်ရလို့လဲ ကျေးဇူးအများကြီးတင်ပါတယ်နော်။
🚵🏼 အမှတ်တရတွေများစွာနဲ့ နင်းခဲ့တဲ့ ခရီးစဉ်လေးကိုကြည့်ရှု့ပြီး Biker များလဲ သွားရောက်ဖူးမျှော်ကြပါလို့လဲတိုက်တွန်းချင်ပါတယ်။
🚵🏼 လမ်းအနေအထားအသေးစိတ်ကိုသိချင်တယ်ဆိုရင် တော့ Video ကိုအစအဆုံးကြည့်ရင်သိနိုင်သလို cb မှာကျွန်တော့်ကိုလာရောက်မေးမြန်းလို့လဲရပါတယ်။
⭐ ဒီလို စက်ဘီးစီးပြီးခရီးသွားတဲ့ Vlogs နဲ့ Knowledge Sharing Videos တွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Shein Zar Cyclist Facebook Page နဲ့ KZitem Channel လေးကို Like & Subscribe လေးလုပ်ထားပေးကြပါဦးနော် ⭐
❗️Facebook Page / sheinzarcyclist ❗️
#sheinzarcyclist #sheinzar #cycling #cyclingvlog #vlog #cyclingtraveler
#ဒေးစွန်ပါတော် #ဘုရားကြီးမြို့ #cyclingvlogger #travelvlog #bicycletour #bikelover #biker #bicycle #စက်ဘီးစီးခြင်း #myanmartravel #cyclist #cyclists
Негізгі бет စက်ဘီးစီးပြီး ၁၄၂ မိုင် ကျော် "ဒေးစွန်ပါတောင်" သို့ ဘုရားဖူးသွားမယ်...( Shein Zar Cyclist )
Пікірлер: 57