အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တိုင်းပြည်က ဒုက္ခဖြစ်စရာတွေ အများကြီးရှိတယ်လို့ ဆို၊
MFP ၊ ဇွန်-၂၄
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း)၊ ရွှေကျင်နိကာယ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ လိုက်ပါ လာတဲ့ ကားကို စစ်အုပ်စုက သေနတ်နဲ့ ခုနှစ်ချက် ထက်မနည်း ပစ်ခတ်လို့ ဆရာတော် ပျံလွန်တော်မူတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စု အပေါ် သီးခံဖို့နဲ့ ခွင့်လွှတ်ဖို့ ရွှေကျင် သာသနာပိုင် သီတဂူဆရာတော် အရှင်ဉာဏိဿရ က ဇွန်(၂၂)ရက်မှာ မိန့်ကြားပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဇွန်(၁၉)ရက် မနက်ပိုင်းက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တို့ စီးနင်း လိုက်ပါလာတဲ့ ကားကို မှန်မချဘဲ မောင်းလို့ ဆိုပြီး အာဏာသိမ်း စစ်အုပ်စုက သေနတ်နဲ့ ခုနှစ်ချက်ထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုက PDF တွေကို လွှဲချကာ အမျိုးမျိုး လိမ်လည်ခဲ့ပေမယ့် ကိုယ်တိုင် ပစ်ခတ်ခံခဲ့ရတဲ့ ကန်သုံးဆင့် ဆရာတော်ရဲ့ မိန့်ကြားချက် ထွက်ပေါ်လာပြီးနောက် ငြင်းမရတော့တဲ့ အဆုံး ဇွန်(၂၁)ရက်မှာ စစ်အုပ်စုက သူတို့ ပစ်ခတ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။
အဲ့ဒီနောက် ဇွန်(၂၂)ရက်မှာ သီတဂူဆရာတော်က စစ်အုပ်စုကို သီးခံဖို့နဲ့ ခွင့်လွှတ်ဖို့ သံဃာတော်တွေကို မိန့်ကြားပြီး အစိုးရ (စစ်အုပ်စု)နဲ့ သံဃာ လက်မတွဲနိုင်ရင်၊ မညီညွတ်နိုင်ရင် တိုင်းပြည်အတွက် ဒုက္ခကြုံနိုင်စရာတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет စစ်အုပ်စုအပေါ် သီးခံ၊ ခွင့်လွှတ်ဖို့ ပြောတဲ့ သီတဂူ ဆရာတော်ရဲ့ မိန့်ကြားချက်၊
Пікірлер: 9