“အကြမ်းဖက်စစ်အုပ်စု ထိုင်းနိုင်ငံထဲမှာ ထိုင်းမြန်မာဘာသာစကား ကျွမ်းကျင်သူတချို့ကို ငှားရမ်းပြီးတော့ Page အတုတွေ ထောင်ပြီးတော့ လူမျိုးရေးအမုန်းတရားတွေ ဖန်တီးပေးနေတယ်။”
ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူ ကိုရဲမင်း နှင့် တွေ့ဆုံမေးမြန်းချက်
By ရန်ကုန်ခေတ်သစ်
အခုရက်ပိုင်း ထိုင်းမျိုးချစ်တချို့က မြန်မာတွေကို ပြန်ခေါ်ဖို့ စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတာတွေ လူမှုကွန်ရက်ပေါ်တွေမှာ မြန်မာလူမျိုးတွေနဲ့ ပတ်သက်ပြီး ခါးခါးသီးသီး ထိုင်းတွေအကြား ဝေဖန်မှုတွေ ဖြစ်နေပါတယ်။
တဖက်မှာလည်း မြန်မာ အလုပ်သမားတွေပတ်သက် အလုပ်စည်းကမ်းတွေကန့်သတ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်လို့မရတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်တာတွေကို ကြပ်မတ်ဖို့ ဆော်ဩတာတွေ ရှိလာနေပါတယ်။
အဲဒီလို အခြေအနေတွေကိုဖြစ်လာအောင် ဘယ်သူတွေကလုပ်လှုံ့ဆော်နေတာပါလဲ။မြန်မာအလုပ်သမားတွေ အပေါ်ကို ဘယ်လိုရိုက်ခတ်မှုတွေရှိလာနိုင်လဲ။ မြန်မာအလုပ် သမားတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်တွေက ဘာလဲဆိုတာကို မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ကိုရဲမင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။
Негізгі бет စစ်အုပ်စုက ထိုင်းနိုင်ငံထဲမှာ Page အတုတွေ ထောင်ပြီးတော့ လူမျိုးရေးအမုန်းတရားတွေ ဖန်တီးပေးနေတယ်
Пікірлер: 131