စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကောင်းတာမပြုလုပ်ဖို့ ဆုုံးမတော်မူတဲ့ ကျောက်မဲဆရာတော် (ရုပ်/သံ)
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၄ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ဘုရားတကာအဖြစ်ခံယူပြီး တည်ထားတဲ့ နေပြည်တောာ်က မာရဝိဇယ ဘုရား အနေကဇာတင်ပွဲမှာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ ကျောက်မဲဆရာတော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေကို မကောင်းတာမှန်သမျှ မလုပ်ကြဖို့ ဆုံးမဟောကြားခဲ့တဲ့ရုပ်သံဖိုင် ဖြစ်ပါတယ်။
ကျောက်မဲမြို့၊ သီဟိုဠ်ကျောင်းတိုက် နာယကဆရာတော် ဒေါက်တာ အရှင်စန္ဒနသာရဟာ စစ်ခေါင်းဆောင်ကို သူတပါးထိခိုက်စေတဲ့ မကောင်းမှုတွေ မလုပ်ဖို့၊ ကောင်းတာကိုပဲ လုပ်ဆောင်ဖို့နဲ့ စိတ်ကိုဖြူစင်အောင်ထားဖို့ ဆုံးမဟောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ကျောက်မဲဆရာတော် ဘဒ္ဒန္တ စန္ဒနသာရဟာ စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ရဲ့ မေတ္တာရပ်ခံစာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ဆရာတော်ကြီး ၁၀ ပါးထဲက တစ်ပါးအပါအဝင် ဖြစ်ပါတယ်။
Video Credit - MRTV
#ကျောက်မဲဆရာတော် #ဘဒ္ဒန္တစန္ဒနသာရ #ဆုံးမတရား #Ayeyarwaddy_Times
Негізгі бет စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကောင်းတာမပြုလုပ်ဖို့ ဆုုံးမတော်မူတဲ့ ကျောက်မဲဆရာတော် (ရုပ်/သံ)
Пікірлер: 63