ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ဦးစီးပဓာနနာယကဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူသွားတာနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်လိုက်ပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဇွန် ၂၄ ရက်က ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို သွားရောက်ပြီး ဆရာတော်ကြီးတွေကို တွေ့ဆုံကာ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ တောင်းပန် လျှောက်ထားလွှာကို ပြည်ထောင်စုဝန်ကြီး ဦးတင်လွင်ကိုက ဖတ်ကြားခဲ့တာပါ။
သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးရဲ့ လျှောက်ထားမှုကို ဆရာတော်ကြီးတပါးက အခုလျှောက်ထားတာကို သိရှိရပြီဖြစ်ကြောင်း၊ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာ မဖြစ်နိုင်ကြောင်း ပြန်လည် မိန့်ကြားခဲ့ပါတယ်။
#dvbtvnews #monk #myanmar
DVB TV - 25.06.2024
Download the DVB Mobile App:
Android - bit.ly/dvbmobile
IOS - bit.ly/dvbapple
Support DVB - burmese.dvb.no...
Subscribe - / dvbtvnews
Follow - t.me/dvbtvnews
Негізгі бет စစ်ခေါင်းဆောင် တောင်းပန်၊ မေ့ပျောက်ဖွယ်ရာ မဖြစ်နိုင်ဘူး ပြန်မိန့်ကြား - DVB News
Пікірлер: 23