စစ်ကောင်စီ အဆုံးသတ် အစပျိုးခြင်းလား၊ တရုတ်အခန်းကဏ္ဍကဘာလဲ
မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တာ ဒီရက်ပိုင်းမှာပဲ တစ်လ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသတခွင် တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေပါတယ်။ စစ်ကောင်စီဘက်က ရဟတ်ယာဥ်ဆင်းတဲ့ ကွင်းပါ ထားရှိပြီး လက်နက်ကြီးတွေပါ အခိုင်အမာ အထိုင်ချထားတဲ့ ကုန်းကြမ်းမှာ ဆိုရင်၊ စစ်ကောင်စီ ခြေလျင်တပ်ရင်း တစ်ခုလုံးနဲ့ ပြည့်သူ့စစ်တွေဟာ မိသားစုတွေပါ အပါအဝင် လက်နက်ချလာတယ် ဆိုပြီး ကိုးကန့်တပ် MNDAA က ကြေညာပါတယ်။ တခါ၊ နယ်စပ်ကုန်သွယ်ရေး အချက်အခြာမြို့ မူဆယ် တဝိုက်မှာလည်း တအာင်းတပ် TNLA ဦးဆောင်တဲ့ တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။
ဒီ အခြေအနေတွေကြားမှာပဲ တရုတ်ဘက်က သူတို့နယ်စပ်တလျှောက် ကြီးမားတဲ့ အတိုင်းအတာ ပမာဏမျိုးနဲ့ စစ်ရေးလေ့ကျင့်တာမျိုးတွေ ပြုလုပ်နေခဲ့သလို၊ ရန်ကုန်ကိုလည်း တရုတ်ရဲ့ စစ်သင်္ဘောအုပ်စု ရောက်လာပါတယ်။ ဒီတော့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာ ပြည်တွင်းစစ် လက်နက်ကိုင်တော်လှန်ရေးမှာ ကစားပွဲကြီး တစ်ခုလုံး ပြောင်းလဲသွား လောက်အောင်၊ စစ်ကောင်စီ ပြုတ်ကျရေး အထိ ဆက်လက် တိုက်ခိုက်လာဖွယ် ရှိလား ... ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ လက်ရှိ ခြေလှမ်းတွေက ဘာကို ညွှန်ပြနေလဲ ... စတာတွေ အပေါ် ဒီတစ်ပတ် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်သွားဖို့ ရှိပါတယ်။
ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ မြန်မာ့နိုင်ငံရေးအကဲခတ်တွေ ဖြစ်ကြတဲ့ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဒေးဗစ်မက်သီဆန်တို့ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
Негізгі бет စစ်ကောင်စီ အဆုံးသတ် အစပျိုးခြင်းလား၊ တရုတ်အခန်းကဏ္ဍကဘာလဲ - BBC News မြန်မာ
Пікірлер: 411