တောင်ကြာအင်းတံတားထိပ်ရှိ စစ်ကောင်စီဂိတ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ တပ်ကြပ်ကြီး အပါအဝင် ၃ ဦး သေဆုံး
နောင်နောင်
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းတံတား (ဟောင်သရောတံတား) ထိပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်း ဂိတ်စခန်းကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးထွန်းနိုင် အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း S.O.F တပ်ဖွဲ့က မဇ္ဈိမကို အတည်ပြု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံ ရဲနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း အထိုင်ချထားသော စစ်ကောင်စီဂိတ်စခန်းကို S.O.F တပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တံတားထိပ်တွင် စစ်ကောင်စီ ဂိတ်စခန်း သုံးခုဖြင့် အထိုင်ချကာ အင်အား ၇၀ ဝန်းကျင်ဖြင့် ပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်ဟု S.O.F တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“ဒီဘက်ထိပ်မှာရှိတဲ့ ဂိတ်စခန်းက ၂၅ ဦး၊ တံတားတစ်ဖက်ထိပ်မှာ ၂၁ ဦး၊ စာသင်ကျောင်းမှာ စွဲထားတာနဲ့ဆိုရင် ပေါင်း ၇၀ လောက် ရှိပါတယ်။ ရဲ၊ စကစ၊ BGF ပူးပေါင်းထားတာပါ၊ သုံးခုလုံး (ဂိတ်စခန်း) က ပတ်ချာလည် ရှိနေတာ” ဟု တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ပွင့်အဆင့် အရာရှိ တစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း S.O.F က ဆိုသည်။
“လုံခြုံရေး အကြောင်းပြ၍ မတရားဖမ်းဆီး ငွေတောင်းခံခြင်းများ ပြုလုပ်နေသည့် ရန်သူ - - များအား အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်” ဟု S.O.F က ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်လည်း ထုတ်ပြန်အသိပေးထားသည်။
မဇ္ဈိမက လက်ခံရရှိသော အဆိုပါ ဂိတ်စခန်း တိုက်ခိုက်ခံရမှု ရုပ်သံဖိုင်တွင် မောင်းပြန်သေနတ်များ ကိုယ်စီကိုင်ဆောင်ထားသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီဂိတ် စခန်းကို အနီးကပ် တရစပ် ဝင်ရောက်တိုက်နေသည်ကိုတွေ့ရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သည့် အသံများကိုလည်း ကြားရသည်။
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်က အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အထူးတိုက်ခိုက်ရေးနှင့် ချေမှုန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် တပ်ဖွဲ့တည်ထောင်မှု တစ်နှစ်ပြည့်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီဂိတ်
#အထူးစစ်ဆင်ရေးတပ်ဖွဲ့
#BGF
#ကော့ကရိတ်မြို့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U
Free Download -- Mizzima TV App -- onelink.to/jnuwak/
Follow us on other platforms :
Facebook ( Myanmar Language)- / mizzimadaily
Facebook (English language)- / mizzimamyanmarnews
Facebook (Mizzima+TV)- / mizzimaplustv
Twitter / mizzimanews
Telegram t.me/mizzimatv/
Website : www.mizzima.com/ www.mizzimabur...
www.mizzima.tv/
...............................................
About Us :
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
......................................................
Негізгі бет စစ်ကောင်စီဂိတ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ တပ်ကြပ်ကြီး အပါအဝင် ၃ ဦး သေဆုံး
Пікірлер: 97