စစ်ကောင်စီကို ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ CDM စစ်သားများ (ရုပ်/သံ)
ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၂
အာဏာသိမ်း စစ်တပ်ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီး တတိယနိုင်ငံ အပါအဝင် ရွေးချယ်ခွင့်တွေ ရှိပေမယ့်လည်း တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေနဲ့အတူ လက်တွဲပြီး ပြန်တိုက်နေကြတဲ့ စစ်ဗိုလ်၊ စစ်သားတွေ ရှေ့တန်း စစ်မြေပြင်တွေမှာ များစွာရှိနေကြပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ စာရင်းတွေအရ CDM မှာပါဝင်လာတဲ့ စစ်သား အရေအတွက်ဟာ ၈၀၀၀ ကျော်ရှိလာနေပြီလို့ သိရပါတယ်။
ဒီစစ်သည်တွေထဲမှာ ခေတ်မှီလက်နက်တွေကို ကိုင်ခဲ့ကြဖူးသူတွေပါဝင်ပါတယ်။ လစာနဲ့ အခြားအခွင့်အရေးပေါင်းများစွာကိုလဲ ရရှိထားကြတဲ့ အရာရှိအရာခံတွေလည်းပါဝင်ပါတယ်။
ဒါပေမယ့်လည်း အမှန်တရားနဲ့ အကျိုးစီးပွားထိပ်တိုက်တွေ့ချိန်မှာ အမှန်တရားအတွက် မီးကျိုး မောင်းပျက် လက်နက်နဲ့ အစစအရာရာမပြည့်စုံတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေကို ဝင်ရောက်ပြီး ရခဲ့ဖူးသမျှအခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးခံကာ အသက်ပေး တိုက်ပွဲဝင်နေကြသူတွေ ဖြစ်ကြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
Негізгі бет စစ်ကောင်စီကို ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ CDM စစ်သားများ
Пікірлер: 456