■ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ထံ လက်န၊က်ချအညံ့ခံဟုဆို
----
The Mindat Post
၂၃ ဇူလိုင်၊ ၂၀၂၄
ရှမ်းမြောက်၊ လားရှိုးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် ကိုးကန့်တပ်မတော် - MNDAA ထံ လက်န၊က်ချအညံ့ခံခဲ့တယ်လို့ MNDAA က ကိုးကန့်ဘာသာနဲ့ ရုပ်သံဖိုင်တခု ဒီနေ့ (ဇူလိုင် ၂၃) ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၁ ရက်မှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အရာရှိတဦးက ဦးဆောင်ပြီး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနဲ့ တပ်သားပေါင်း၃၁၇ ဦး MNDAA ထံ လက်န၊က်ချအညံ့ခံခဲ့တာလို့ ရှမ်းပြည်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။
လက်န၊က်ချတဲ့ စစ်ကောင်စီ တပ်ရင်းနာမည်ကိုတော့ MNDAA က အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူးလို့ ဆိုပါတယ်။
ကိုးကန့်တပ်မတော် - MNDAA က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လ၊က်နက်ချအညံ့ခံလာရင် ရာထူးအဆင့်ကြည့်ပြီး ဆုကြေးငွေပေးမယ့်အကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်န၊က်ကြီး၊ တင့်ကား၊ လေယာ၊ဉ်စတာတွေ ဖျက်ဆီးပြီး အလင်းဝင်လာရင် သိန်း ၁ သောင်းအထိ ချီးမြှင့်မယ်လို့ ကိုးကန့်တပ်က ဆိုထားပါတယ်။
အာဏာသိမ်းပြီး ၂၀၂၂ နှောင်းပိုင်းကစလို့ အခုလိုမျိုး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီလက်၊န၊က်ချ အညံ့ခံတာမျိုးကို ရှမ်းမြောက်၊ ကရင်နီ၊ ရခိုင်စတဲ့ဒေသတွေမှာ တွေ့ရပါတယ်။
------
ပုံစာ - ၂၀၂၄ ဇူလိုင်လနှောင်း MNDAA ထံ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ [The Kokang]
#TheMindatPost #MNDAA #NorthernShan
Негізгі бет ■ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ထံ လက်န၊က်ချအညံ့ခံဟုဆို
Пікірлер: 1