ဧရာဝတီ
ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူသမ္မတဖြစ်သည့်အခါ တပ်ချုပ်အဖြစ် ဗိုလ်ချုပ် မိုးမြင့်ထွန်းကို လျာထားပြီး ဒု တပ်ချုပ်အဖြစ် ဗိုလ်ချုပ် ကျော်စွာလင်းကို လျာထားခဲ့သည်ဟု စစ်ရေးလေ့လာသူအများက ယုံကြည်ထားကြသည်။
ယခု မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးအရေးယူလိုက်သောအခါ ကျော်စွာလင်းအတွက် တပ်ချုပ်ရာထူးက လမ်းပွင့်သွားပြီ ဖြစ်သည်။
Негізгі бет စစ်မတိုက်ဖူးသော အနာဂတ်စစ်ခေါင်းဆောင် (ရုပ်/သံ)
Пікірлер: 220