“လက်နက်ကိုင်မလား၊ ကင်မရာကိုင်မလား ရွေးချယ်တဲ့အချိန် ကျွန်တော် ကင်မရာကိုင်ခဲ့တယ် ၊ရှေ့တန်း စစ်မြေပြင် အထိ မှတ်တမ်းဓာတ်ပုံတွေရအောင်ယူခဲ့တယ်”
ဓာတ်ပုံဆရာ မောက်ခမ်းဝါ
ကရင်နီစစ်မြေပြင်မှာ မှတ်တမ်းဓါတ်ပုံရိုက်ကူးနေတဲ့ ဓါတ်ပုံဆရာ မောက်ခမ်းဝါဟာ ၂၀၂၃ခုနှစ်မှာ ပြုလုပ်တဲ့ World Press Photo ဆုရရှိခဲ့ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးမှာ ကင်မရာကိုင်ပြီး ကရင်နီစစ်မြေပြင်ရှေ့တန်းအထိ သွားရောက်ကာ လွတ်လပ်မှုအတွက် အသက်ပေးနေကြတယ်ဆိုတာ ကမ္ဘာကသိဖို့ မှတ်တမ်းဓာတ်ပုံနဲ့ သက်သေပြခဲ့ပါတယ်။
ဓာတ်ပုံဆရာမောက်ခမ်းဝါရဲ့ စစ်အာဏာရှင်တော်လှန်ရေးအပေါ်ထားတဲ့ ခံယူချက်နဲ့ တိုက်ပွဲကြားက အတွေ့အကြုံတွေနဲ့ မှတ်တမ်းဓာတ်ပုံဆရာတစ်ဦးရဲ့ အခက်အခဲတွေကို သိရှိနိုင်ဖို့ ဒီတစ်ပတ်ရဲ့ “တော်လှန်စွန့်စားသူတို့စကား” အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
#MeKongNews
#2023WorldPressPhoto
#ကရင်နီစစ်မြေပြင်
#တော်လှန်စွန့်စားသူတို့စကား
Негізгі бет စစ်မြေပြင် မှတ်တမ်းဓာတ်ပုံဖြင့် World Press Photo ဆုရခဲ့သူ မောက်ခမ်းဝါ
Пікірлер: 4