စာပေဟောပြောပွဲ
===============
ခေါင်းစဉ် - စာအလှမှ ရွာအလှသို့
ဟောပြောသူ - ဆရာ မောင်သာချို / ဂျက် (ကွမ်းခြံကုန်း)
နေ့စွဲ - မေလ-၂၀၁၁
နေရာ - တောင်ငူမြို့။
တောင်ငူမြို့ရှိ မြို့မိမြို့ဖများ၊ စာပေချစ်သူများ နှင့် တောင်ငူကာတွန်းဆရာများ ပူပေါင်းကျင်းပတဲ့ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ၂၀၁၁ ခုနစ်၊ မေလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
ပါဝင်ဟောပြောကြတဲ့ စာရေးဆရာများကတော့ -
၁။ ဆရာ ဟိန်းလတ်
၂။ ဆရာမ နုနုရည် (အင်းဝ)
၃။ ဆရာ မောင်သာချို (ခ) ဂျက် (ကွမ်းခြံကုန်း)
၄။ ဆရာမ ဂျူး
၅။ ဆရာ အတ္တကျော် (ခ) ဆူဒိုနင်
၆။ ဆရာ လယ်တွင်းသား စောချစ်
၇။ ဆရာ ကျော်ရင်မြင့်
၈။ ဆရာ ဦးဘုန်း (ဓာတု)
၉။ ဆရာ နေဝင်းမြင့်
၁၀။ ဆရာမ ခင်ခင်ထူး
၁၁။ ဆရာ ချစ်ဦးညို
ဆရာမောင်သာချို ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း (၂၀၁၁ စာပေဟောပြောပွဲကာလအထိ)
===================================
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ဇာတိဖြစ်ပြီး အဖ ဦးဝင်းသိန်း၊ အမိ ဒေါ်တင်တို့မှ ၁၉၅၈ ခုနှစ် မတ်လ ၁၁ ရက်တွင် မွေးဖွားခဲ့ပါသည်။
အမည်ရင်းမှာ ဦးညွန့်သောင်း ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပါသည်။
ယခု (၂၀၁၁ အချိန်အားဆိုလိုပါသည်) ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေဆဲ ဖြစ်ပါသည်။
၁၉၇၄ ခုနှစ် ကိုးတန်းကျောင်းသားဘဝမှစကာ စာပေလောကသို့ ဝင်ရောက်ခဲ့ပါသည်။
အိမ်မက်ဖူး မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူးပါသည်။
မောင်သာချို အမည်ဖြင့် "သမီးဖတ်ဖို့"၊ "ပင်လယ်ဝသို့ လှေကလေးနှင့်ထွက်ခဲ့"၊ "အိမ်မက်များ အနားမလာရ"၊ "လင်္ကာရလမ်း"၊ "နှလုံးသား ရှုမျှော်ခင်းများ"၊ "ပိုးပင်လယ်ပေါ် ကတီပါရွက်လွှင့်"၊ "လက်ဆောင်"၊ "ဖြတ်ကနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ"၊ "စိမ်းလန်းသော မိသားစုများ"၊ "ကျေးကျူးကမ္ဘာဆိုင်"၊ "အရလမင်းနေ"၊ "မြောက်ဘက်တောင်ကုန်းပေါ်က မှော်ရုံလမ်းများ" ရေးသားခဲ့ပါသည်။
ဂျက် (ကွမ်းခြံကုန်း) အမည်ဖြင့် "သပွတ်အူကျေးရွာမှ မမြင်ရသော ကံတရားများ"၊ "တို့တော့မယ်ဟဲ့ ဆိတ်တော့မယ်"၊ "ဂျာနယ်ထဲက ဂျက်"၊ "ရယ်လို့သာ မောကြပေတော့"၊ "လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ်"၊ "တုတ်ထိုး အိုးပေါက်"၊ "ဆင်တော်မှာ ခလောက်ဆွဲပါလို့"၊ "မပြောကောင်း မဆိုကောင်း လူကြားလို့မကောင်း"၊ "ဂျက် ငါးဆယ်" စာအုပ်များ ထုတ်ဝေခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်၊ ဒေသကောလိပ် နှင့် လုပ်သားတက္ကသိုလ်၊ နိုင်ငံခြားတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ် နှင့် ယခု ပညာရေးကောလိပ်တို့တွင် တာဝန်ထမ်းဆောင်နေပါတယ်။
Cherry FM မှ ဂျက်(ကွမ်းခြံကုန်း) ၏ သရော်စာများကို အသံလွှင့်ခဲ့ပါတယ်။
Mandalay FM မှ အပတ်စဉ် ဗုဒ္ဓဟူးနှင့်တနင်္ဂနွေနေ့များတွင် "သမီးဖတ်ဖို့" ဆောင်းပါများကို အသံလွှင့်နေဆဲဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်တွင် "ဖြူးမိတ်ဆွေများ" စာပေဆု၊ ၂၀၀၀ ခုနှစ်တွင် "တော်ဝင်မော်ကွန်းသွေး" စာပေဆု၊ ၂၀၀၉ ခုနှစ်တွင် "ထွန်းဖောင်ဒေးရှင်း" စာပေဆုများ ရရှိခဲ့ပါတယ်။
နောက်ဆုံးထုတ်ဝေထားသောစာအုပ်မှာ (၂၀၁၁ ခုနှစ်အချိန်တွင် ဖြစ်ပါသည်) "အနာဂါတ်ဝါကျများ" စာအုပ်ပဲ ဖြစ်ပါတယ်။
- Uploaded by Si Thu Hein
Subscribe Me - www.youtube.com...
My Official Page - www.sithuhein.net
FB - / sithuhein.net
Негізгі бет စာအလှမှ ရွာအလှသို့ - ဆရာ မောင်သာချို / ဂျက် (ကွမ်းခြံကုန်း) (တောင်ငူမြို့ / ၂၀၁၁)
Пікірлер: 28