စိတ်ချမ်းချမ်းသာသာလေး နေချင်တယ်။
ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တယ်။
ကောင်းတာတွေအများကြီးကို လိုချင်တယ်ဆိုရင်
တကယ်တမ်း အရင်ဆုံးလုပ်ရမှာက
စိတ်ကို ငြိမ်သက်အောင် ထားတတ်ဖို့ပါ။
တိတ်နေတဲ့စိတ်ကလေးကို ပြုစုတတ်ဖို့ပါ။
*****************************
"ဒီစာတွေကို တချို့က ကဗျာလို့ ခေါ်ရင်လည်း ခေါ်လိမ့်မယ်။ တချို့က ကဗျာမဟုတ်ပါဘူးလို့လည်း ပြောရင်ပြောလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီစာလေးတွေဟာ...စိတ်ရဲ့ငြိမ်သက်ခြင်း၊ လွတ်လပ်ခြင်း၊ ရောင့်ရဲခြင်း၊ ပေါ့ပါးခြင်းတွေကိုခံစားနိုင်မယ့် ရိုးရှင်းတဲ့စိတ်ရဲ့ ရိုးရိုးအတွေးလေးတွေ၊ ရိုးရိုးသဘောထားလေးတွေပါ"
Credit ✍️ ဆရာမထက်ထက်ထွန်း(စာမူပိုင်ရှင်)
*****************************
👉 ဆရာမရဲ့စာအုပ်လေးထဲမှာ
Stillness ဟူသောခေါင်းစဉ်ဖြင့်
အပုဒ်ရေ(၁၀၉)ပုဒ်ရေးသားထားပါတယ်။
ထို(၁၀၉)ပုဒ်ထဲမှ ကျွန်တော်ရွေးချယ်ထားတဲ့
(၁၈)ပုဒ်ကို Video လေးပြုလုပ်ပြီးပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ၁ မှ ၁၈ ထိ အစဉ်လိုက် ညွှန်းထားသော်လည်း ကျွန်တော်ရွေးချယ်ထားသော နံပါတ်(၁)သည် ဆရာမ၏ နံပါတ်(၅)အပုဒ်ရေမြောက် ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ ထို့အတွက်ကြောင့် ကျွန်တော့်၏ အပုဒ်ရေနံပါတ်နှင့် ဆရာမ၏နံပါတ်တို့မှာ ထပ်တူကျခြင်းမရှိကြောင်းကိုလည်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ တစ်စုံတစ်ရာ မှားယွင်းမှု၊ ချို့ယွင်းမှု ရှိခဲ့ပါကလည်း ကျွန်တော့်ရဲ့ အားနည်းပေါ့လျော့မှုသာဖြစ်ပါကြောင်း/-
*****************************
#စိတ်ရဲ့ငြိမ်သက်ခြင်း(#Stillness)စာအုပ်လေးကိုမှာယူလိုပါက
ဒေါ်ထက်ထက်ထွန်း
ရေတံခွန်စာပေ၊ အမှတ် ၆၅(ခ)၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၀၉ ၄၃၀၂၆၆၃၉
၀၉ ၇၉၆၃၁၄၂၄၅
ထံသို့ ဆက်သွယ်မှာယူနိုင်မှာပဲဖြစ်ပါတယ်။
Негізгі бет စိတ်ရဲ့ငြိမ်သက်ခြင်း | Section 1 (#1 to #6)
Пікірлер