ကျွန်တော့်အနေနဲ့ရှေ့အခန်းမှာ စက်တင်ဘာ(၁၁) အကြောင်းကို ကမ္ဘာ့အထင်ကရ အခြားအကြောင်း ရင်းတွေနဲ့ နှိုင်းယှဉ်မြင်နိုင်ကြအောင် စုကာစပ်ပေါင်း တင်ပြခဲ့ပါတယ်။ ဒီနေ့ကမ္ဘာကြီးဟာ အလွန်လျှင် မြန်တဲ့ အပြောင်းအလဲတွေနဲ့ စက္ကန့်နဲ့အမျှ ဟောတစ်မျိုး-ဟောတစ်မျိုး ပြောင်းလဲနေခဲ့ပါပြီ။ ဒီအပြောင်း အလဲတွေကြားထဲမှာ တစ်ချို့ကိစ္စတွေကို ကျွန်တော်တို့ နားလည်နိုင်ကြသလောက် နားလည်နေကြသလို ကျွန်တော်တို့နဲ့ လက်လှမ်မမီ နားမလည်နိုင်ကြသေးတဲ့ အကြောင်းကိစ္စတွေလည်း အများကြီးရှိနေပါဦး မယ်။ အကောင်းလား၊ အဆိုးလား/ အဖြူလား၊အမဲလား စသည်ဖြင့် သို့လောသို့လော ဖြစ်နေတဲ့ အခြေ အ နေမျိုး ကျွန်တော့်ပုရိသတ်ကြုံဖူးကြမှာပါ။ အလျှင်အမြန်ပြောင်းလဲနေတဲ့ဒီနေ့ခေတ်မှာ ဘယ်အကြောင်း ကိစ္စတစ်ခုမှာမဆို ကျွန်တော်တို့မြင်နေရတဲ့မျက်နှာတစ်ခုရှိသလို ကျွန်တော်တို့မမြင်ရတဲ့နောက်ကွယ်က မျက်နှာတွေအများကြီးရှိနေတယ်ဆိုတာကို ကျွန်တော်ပုရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီလိုပဲ ဘယ်အကြောင်းကိစ္စတစ်ခုမဆို တိုက်ဆိုင်လို့ ကြုံကြိုက်လို့ သူ့အလိုလို ဖြစ်လာရတာမျိုးမဟုတ်ပဲ၊ ကျွန်တော်တို့ လူသားတွေက ဖန်တီးခဲ့ကြလို့ ဖြစ်လာရတယ်ဆိုတာကို ဒီအခန်းကစလို့ နောက်လာမယ့် အခန်းတွေမှာ ဆက်လက်ဆင်ခြင်နိုင်ကြဖို့ ဒီအစီအစဉ်ကိုစတင်လိုက်ပါတယ်။
==============================
References:
(1) The History of CIA: The OSS and the Birth of American Intelligence by Eyes Wide Open
(2) After Effect Project by Dope Motions
မူရင်းဇတ်ညွှန်းပိုင်ရှင်၏ကိုးကားချက်များ
[1] Legacy of Ashes - Tim Weiner (p.6)
[2] Various works by Peter Dale Scott (I recommend Deep Politics and the Death of JFK)
[3] Legacy of Ashes - Tim Weiner (p.4-7), The Devil’s Chessboard - David Talbot (p.18)
[4]Legacy of Ashes - Tim Weiner (p.23-25)
[5] Operation Gladio: The Unholy Alliance Between the Vatican, the CIA, and the Mafia - Paul L. Williams (p.24, 34), The Devil’s Chessboard - David Talbot (p.19)
[6] I.G. Farben’s Petro Chemical Plan and Concentration Camp at Auschwitz - Robert Simon Yavner (p.17-19)
[7] The Devil’s Chessboard - David Talbot (p.20) The Unholy Alliance Between the Vatican, the CIA, and the Mafia - Paul L. Williams (p.24)
[8] The Devil’s Chessboard - David Talbot (p.19-20)
Music: Twilight Train by Den Lebowitz
Негізгі бет စီအိုင်အေသမိုင်း / အပိုင်း(၁)။ အိုအက်စ်အက်စ် နှင့် အမေရိကန်ထောက်လှမ်းရေးမွေးဖွားခြင်း)
Пікірлер: 50