မော်ဒယ်လ်လောကထဲကနေ ဆယ်စုနှစ် တစ်ခုကျော်ပျောက်ကွယ်သွားခဲ့ပြီးမှ အနုပညာအလုပ်တွေကို တစ်ဖန်လှုပ်ရှားလာခဲ့တဲ့ မော်ဒယ်လ် သန္တာလှိုင်ဟာ အောင်မြင်မှုကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။
ပြည်ပမှာနေနေရာကနေ မြန်မာနိုင်ငံဆီ ပြန်လည်အခြေချနေထိုင်ရင်း အလုပ်တွေကို တစ်စိုက်မတ်မတ်လုပ် နေတာဖြစ်ပါတယ်။
၁၉၉၇ ပတ်ဝန်းကျင်က မော်ဒယ်လ်လောကရဲ့ဘုရင်မတစ်ယောက်ဖြစ်ခဲ့ဖူးသူ သန္တာလှိုင်တစ်ယောက် သြစ တြေးလျနိုင်ငံကို ထွက်ခွာသွားခဲ့တာပါ။ အဲဒီအချိန်တွေက ပရိတ်သတ်အားပေးမှုအကောင်းဆုံးရနေချိန်ဖြစ် ပါတယ်။ ပြည်ပမှာ ပညာသင်ရင်း အိမ်ထောင်ပြု မိသားစုဘဝတည်ထောင်ခဲ့တဲ့ သန္တာလှိုင်နဲ့ပတ်သက်လို့ ပရိတ်သတ်တွေ ကြား မျိုးစုံသတင်းတွေထွက်လာခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ကလေးနှစ်ယောက်မိခင်ဘဝကို ခံယူကာ T’s Workshop လို့အမည်ပေးထားတဲ့ Gym ကို ဖွင့်လှစ်ခဲ့ပါတယ်။ အခုလည်း သန္တာလှိုင်ဟာ ဘဝအတွက် လက်တွဲဖော်အသစ်နဲ့ အိမ်ထောင်ပြု တော့မယ်လို့ လည်း ပြောထားတာတွေရှိပါတယ်။
မော်ဒယ်လ်လောကကို စွန့်လွှတ်ခဲ့တဲ့သန္တာလှိုင်ရဲ့စိတ်ဝင်စားဖွယ်ရာအချိုးအကွေ့တွေနဲ့အတူ လက်တွဲဖော် အသစ်နဲ့လက်တွဲခဲ့တဲ့အကြောင်းတွေကို 7Day TV ရဲ့ အနုပညာကောက်ကြောင်းအစီအစဉ်မှာ တင်ဆက် ထားပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်
Негізгі бет စိတ်ဝင်စားဖွယ် အချိုးအကွေ့တွေနဲ့ သန္တာလှိုင်
No video
Пікірлер: 18