မိတ်ဆွေအနေနဲ့ Video¬ Games ကစားဖို့ပဲဖြစ်ဖြစ် Facebook KZitem အစရှိတဲ့ social media တွေကို ဖုန်းတွေ တက်ဘလက်တွေနဲ့ အသုံးပြုဖို့ပဲဖြစ်ဖြစ် အခက်အခဲသိပ်မရှိနိုင်ပါဘူး။
တကယ်တမ်း ပြောရမယ်ဆိုရင် ဖန်သားပြင်တစ်ခုခုရှေ့မှာ ထိုင်ပြီး နှစ်နာရီ ဆက်တိုက်လုံးလုံး စာရေးသူပြောခဲ့တဲ့ အလုပ်တွေကို မိတ်ဆွေအနေနဲ့ အာရုံစူးစိုက်မှုမပျက်ဘဲ လုပ်နိုင်မယ်ဆိုတာကို စာရေးသူအနေနဲ့ သံသယဖြစ်စရာ မလိုပါဘူး။ ဒီ့ထက် ပိုတဲ့ အချိန်တစ်ခုခုထိတောင် လုပ်နိုင်လိမ့်မယ်ဆိုတာ စာရေးသူအနေနဲ့ ယုံကြည်ပါတယ်။
ကဲ ဒါဆိုရင်…. ဒီအလုပ်တွေမဟုတ်တဲ့ ဘာသာရပ်တစ်ခုခုကို တစ်နာရီလောက် အာရုံစူးစိုက်မှုမပျက်ဘဲ
လေ့လာသင်ယူမယ်ဆိုရင်ရော? (အိုး) …. ဒါက တော်တော်ကြီး ခက်တဲ့အလုပ်တစ်ခုဖြစ်မှာ သေချာပါတယ်။
ဒါမှမဟုတ် မိတ်ဆွေရဲ့ ပင်မစီးပွားရေး မဟုတ်တဲ့ အခြားဝင်ငွေရပေါက်ရလမ်း စီးပွားရေးအသစ် တစ်ခုခုအတွက် အာရုံစိုက်မယ်ဆိုရင်ရော? နောက်ထပ်တစ်နာရီလောက်ပဲလေ? (Hmm…) ဟွန်းးးး ဒါလည်း သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပြန်ပါဘူး။
#dopamine
#ဒိုပါမင်း
#DopamineDetox
Негізгі бет Ойын-сауық ခက်ခဲတဲ့အလုပ်တွေလုပ်ချင်လာအောင် ဦးနှောက်ကို ဘယ်လို ကုစားမလဲ အပိုင်း(၁)
Пікірлер: 8