စာသား
စိမ်းလဲ့လဲ့ည လရိပ်သမ်း အချစ်နှုတ်ခမ်း အနမ်းတွေဖူးပွင့်ဖို့လေ
မျှော်သူကို သံသယကြိုး ရစ်နှောင်လွှမ်း ရစ်နေတုန်း
သရဝဏ်ကူလှည့်ဦး ကြင်နာမဲ့ အသည်းရှိတဲ့အရပ် ညွှန်မယ်ဆို
ဝါဆိုပန်းမင်းလွင် ပုန်းညက်နွမ်းရက်လွန် ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်ပန်းနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ
နှောင်းခက်ခက်ဆူး အချစ်ရိပ်ဦး စွန့်သည့်မြှား အသည်းမှာစူးနစ်ခဲ့လို့
ဒီဒဏ်ကို ရင်မှာ ထွေး ပွေ့ပိုက်ထွေးထားနေတုန်း
သရဝဏ်ကူပါဦး အရင်လူဖျက်ဆီးခဲ့တဲ့အချစ်ပြင်မယ်ဆို
ဝါဆိုပန်းပွင့်ဝေ ပုန်းညက်နွမ်းရက်လွန် ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ
ဆွေးမြေ့မြေ့နေ့ မောင့်ကိုယ်စား မလွမ်းချင်ဘူး အသက်ရယ် မင်းဆုံးဖြတ်မှ
ယုံမယ်နော် ဒီတစ်ခါမင်း သစ္စာမြဲရစေမယ်
သရဝဏ်ကူညီလို့ ဒီအရင်ကြေကွဲခဲ့တဲ့ အတိတ်နှင်မယ်ဆို
ဝါဆိုပန်းပွင့်ဝေ ပုန်းညက်နွမ်းရက်လွန် ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ
#ခတ္တာ #ခိုင်ထူး #ကြေကွဲ #Khat_Tar #Khaing_Htoo #kyay_kwel #ဝါဆို #ဝါခေါင်
Негізгі бет Ойын-сауық ခတ္တာ - Khat Tar // ခိုင်ထူး - Khaing Htoo ( lyrics video )
Пікірлер: 26