ခြေချောင်းတွေကို ခုတ်ဖြတ်ပြီး စေတီမှာ ဌာပနာထည့်တဲ့ သံဃာတော်ကို မြို့နယ်သံဃနာယကအဖွဲ့က သတိပေးပြီး ခြေချောင်းတွေကို ဖျောက်ဖျက်
----------
မတ်(၁၁)AlinnMyay(အလင်းမြေ)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက တောရကျောင်းတကျောင်းမှာ သံဃာတော်တပါးက ခြေချောင်းတွေကို ခုတ်ဖြတ်ပြီး တည်နေတဲ့ ဘုရားထဲကို ဌာပနာအဖြစ်ထည့်သွင်းထားတဲ့ အဖြစ်အပျက်တခု ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မနက် ၃နာရီခွဲလောက်က ပန်းတောင်းမြို့နယ်၊ရွှေဘုံသာ ကျေးရွာအုပ်စု၊ကျောင်းတောင်သာသနာ့နယ်မြေ၊ ကျောင်းတောင်ကျောင်းတိုက် သက်တော် ၃၉နှစ်၊ ဝါ ၇ ၀ါ ရှိတဲ့ ကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လဟာ ကျောင်းတိုက်အတွင်းမှာ တည်ထားတဲ့စေတီတော်အောက်ခြေမှာ ဌာပနာဖို့အတွက် သူ့ရဲ့ ဘယ်ဘက်ခြေချောင်းလေးချောင်းကို ခုတ်ဖြတ်ထည့်သွင်းခဲ့ပါတယ်။
ခြေချောင်းတွေ ဖြတ်တောက်ပြီး စေတီအောက်ခြေမှာ ထည့်သွင်းခဲ့တဲ့ ဆရာတော် ဦးဝေပုလ္လကို ခံဝန်ဂတိထိုးခိုင်းပြီး နောက်တခါ အလားတူအဖြစ်အပျက်မျိုးဖြစ်ခဲ့မယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၂၉၅ အရ အရေးယူသွားမယ်လို့ သိရပါတယ်။
စေတီတော်အောက်ခြေမှာ ထည့်သွင်းထားတဲ့ ခြေချောင်းတွေနဲ့ သွေးပုလင်းကို မတ်လ ၇ ရက်နေ့က ပြန်လည်ဖော်ယူကာ တာဝန်ရှိသူတွေက ဧရာဝတီမြစ်ထဲကို မျှောပြီး ဖျောက်ဖျက်ပြစ်ခဲ့ပါတယ်။
ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ
Негізгі бет ခြေချောင်းတွေကို ခုတ်ဖြတ်ပြီး စေတီမှာ ဌာပနာထည့်တဲ့ သံဃာတော်
Пікірлер: 7