ဒီနေ့မှာတော့ Puutin သနားစရာဆင်လေးတွေအတွက် နေပြည်တော်အကျော် (၂၁၇) မိုင် (၀) ဖာလုံ က ‘ငလိုက်ဆင်ခန်း’ မှာ ‘ဆင်ဘူဖေး’ သွားကျွေးဖြစ်ခဲ့ပါတယ်။ ဒီဆင်စခန်းလေးကသိတဲ့သူလဲသိပ်မရှိသေးတာမလို့ လှူတဲ့သူအတော်လေးနည်းပါတယ်ရှင့်။ အစအဆုံးဆိုရင်အရမ်းရှည်သွားမှာမလို့အပိုင်းလေးတွေခွဲပြီးတင်ပေးပါမယ်နော်။
ဒီ Video လေးထဲမှာတော့ပျော်စရာကောင်းသလိုထင်ရပေမယ့်တကယ့်အပြင်လက်တွေ့မှာတော့ ဆင်လေးတွေအတွက်ကသိပ်ပြီးပျော်စရာမကောင်းလှပါဘူး။ ဆင်စခန်းက မနက် ၉ နာရီကနေ ညနေ ၄ နာရီထိဖွင့်ထားတာမလို့ လာလှူတဲ့သူတွေမရှိရင်သူတို့မှာညနေ ၄ နာရီထိအစာ မစားရပါဘူး 😭။ ၄ နာရီနောက်ပိုင်းတောထဲလွှတ်မှရှာစားကြရတယ်လို့သိရပါတယ်။
ဒါဆိုသူတို့ဆင်ဦးစီးတွေကမကျွေးဘူးလား?
ဆင်ဦးစီး တွေရတဲ့လစာကလည်း အရမ်းကိုနည်းလို့ သူတို့အတွက် တောင်ဖူလုံရုံသာရှိပါတယ်။ ၀ါသနာအရရယ်၊ ဆင်လေးတွေကိုချစ်တဲ့စိတ်ကြောင့်ရယ်သာလုပ်နေကြရတာပါ တကယ်တော့ ဆင်တစ်ကောင်ကိုသူတို့အရိုးမြေကျတဲ့ထိ တချိန်လုံးအနားမှာကလေးလေးတစ်ယောက်လိုထိန်းပေးနေရတဲ့အလုပ်ကမလွယ်လှပါဘူး။ အစားစားတဲ့ချိန်မှာတောင်နေပူထဲကျောပေါ်မှာလိုက်စောင့်ပေးရတာပါ။
ပြီးတော့ဒီဆင်စခန်းမှာက ‘မျက်စိမမြင်တော့တဲ့ဆင်ကြီးရယ်’၊ ‘ခြေထောက်ပျ/က်သွားတဲ့ဆင်ကြီး’ တွေကိုလည်းကယ်တင်ကျွေးမွေးထားပါသေးတယ်။ Puutin အခုပြောပြသွားတာတွေက အခြေနေအနည်းငယ်သာရှိပါသေးတယ်။ နောက်အကြောင်းအရာတွေကိုလည်းနောက်လာမယ့် Vlog တွေမှာပြောပြသွားမှာဖြစ်လို့စောင့်ကြည့်ပေးကြပါဦးနော်။
ဒီ Vlog လေးထဲမှာက မျက်စိမမြင်တော့တဲ့ဆင်လေးအကြောင်းရယ်၊ ခြေထောက်မရှိတော့တဲ့ဆင်လေးအကြောင်းရယ်၊ ဆင်လေးတွေအတွက်ဘူဖေးလှူဖို့အတွက် Information လေးတွေကိုပြောပြထားပါတယ်နော်။
ဆင်လေးတွေကိုသနားလို့လှူချင်တဲ့သူတွေရှိရင်လဲသိသွားအောင် Puutin ရဲ့ Vlog လေးကိုလဲ Share ပေးကြပါဦးနော်။
လာလို့အဆင်မပြေသူတွေအတွက် KBZPay ကနေလဲလှူလို့ရပါတယ်ရှင်။
🐘 Kpay No. 09 420 719 571 - Daw Swe Swe Mar (ဆင်၀ိုင်းတာ၀န်ခံ)
Негізгі бет ခြေထောက်ဖြ/တ်လိုက်ရပေမယ့်သူကြိုးစားပြီးအသက်ရှင်နေတဲ့ဆင်လေး......
No video
Пікірлер: 13