ဖက်ဒရယ်နှင့် စဥ်းစားဆင်ခြင်ရန်များ (Ethnic Affairs/ရုပ်သံ)
~~~~~~~~~~
ဒီရက်ပိုင်းမှာ အလွန်အဖိုးတန်တဲ့ အင်တာ ဗျူးတခုနားထောင်ရပါတယ်။ အပိုင်းသုံးပိုင်းရှိတဲ့ ဒီအင်တာဗျူးမှာ တတိယပိုင်းဟာ အနာဂါတ်နိုင်ငံရေး အမြော်အမြင်တွေပိုပါတာတွေ့ရတယ်။ ဒါကတော့ ဘယ်သူ့ အင်တာဗျူးလို့ မပြောရင်လဲ သိနေကြမှာဖြစ်တဲ့ AA တပ်မှူးချုပ်ရဲ့ အင်တာဗျူးပါပဲ။ ဒီဘက်ခေတ် ၂၀၂၁ အာဏာသိမ်းခံရပြီး တော်လှန်စစ်အတွင်းကြီးထွားလာကြတဲ့ AA ၊ တအောင်းပလောင် ၊ KNDF ၊ ချင်း PDF များစတဲ့ အဖွဲ့များနဲ့ အခြားသောမြေပြန့် PDF များရဲ့ တာဝန်ရှိသူတွေဟာ နိုင်ငံရေးအရ ရင့်ကျက်လာကြတယ်။ အတွေ့အကြုံတွေအပေါ်ကနေ မှန်ကန်စွာ နိဂုံးချုပ်ပြီး ရှေ့သွားမယ့် လမ်းကြောင်းတွေကို အသေအချာ သိမြင်နားလည်ကြတယ်။ အမျိုးသားရေးနဲ့ ပြည်ထောင်စုအရေးတွေကို မှန်ကန်စွာသိမြင်နားလည်လာကြတာတွေ့ရတာဖြစ်တယ်။
ဒါဟာ မြန်မာနိုင်ငံမှာ နှစ် ၇၀ လောက် စစ်အာဏာရှင်စနစ်တွေကို တော်လှန်ရာမှာ စစ်ရေးအရ အောင်မြင်မှုကြီးတွေရလာသလို နိုင်ငံရေးအရလဲ K3C+ NUG လို ပူးတွဲကြေညာချက်တွေ ထုတ်လာနိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာတာဖြစ်တယ်။ အရင်ကဆိုရင် NUG မတိုင်ခင်အထိ အစိုးရအဆက်ဆက်ဟာ တိုင်းရင်းသားအရေးနဲ့ ပါတ်သက်ရင် တလျောက်လုံးသိမြင်မှု ချို့တဲ့ခဲ့တာဖြစ်တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တိုင်းရင်းသားရောပြည်မနေကျောင်းသားနဲ့ ပြည်သူများပါ အဆက်မပြတ်ဆင်နွှဲလာကြတာဖြစ်ပေမယ့် လမ်းကြောင်းနှစ်ခုက မဆုံနိုင်ခဲ့တာပါ။
……………
ဇွဲထွန်းသစ် ရေးသားတဲ့ “ဖက်ဒရယ်နှင့် စဥ်းစားဆင်ခြင်ရန်
များ” တိုင်းရင်းသားရေးရာဆောင်းပါး နွေဦးမောင်မောင် ရွတ်ဖတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။
#ငွေမောင်းသံ မီဒီယာ
Негізгі бет ဖက်ဒရယ်နှင့် စဥ်းစားဆင်ခြင်ရန်များ (Ethnic Affairs/ရုပ်သံ)
Пікірлер: 56