ပြည်သူ့ CDM . . . . .
▪️ ဖြစ်ကြောင်းကုန်စင် အညာတခွင် (၇၅)
တကယ်တော့ ပြည်သူ့အာဏာဖီဆန်မှုဆိုတဲ့ CDM လှုပ်ရှားမှုကြီးဟာ ဝန်ထမ်းတွေ အလုပ်မသွားဘဲ နေတာနဲ့တင် မပြီးပါဘူး။ ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီနဲ့ သူ့ရဲ့ ထောက်တိုင်တွေကို ဖီဆန်ဖို့လိုပါတယ်။ အင်တာနက်မှာ ကလစ်ကလေး နှိပ်တာကအစ၊ ဆန္ဒပြပွဲတွေမှာ လက်ခုပ်တီးတာအဆုံး အာဏာရူးမအလကို တော်လှန်လိုစိတ် ရှိသူတိုင်းဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူချည်းပဲ မဟုတ်ပါလား။ စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲဘဲ ဝေးဝေးရှောင်တာ၊ စစ်တပ်အပေါင်းအပါတွေကို လူမှုပြစ်ဒဏ်အဖြစ် အဆက်အဆံမလုပ်တာတွေကလည်း CDM ပဲဖြစ်ပါတယ်။
ဒါကြောင့် နန်းစီဒန်တွေ အလင်းဝင်ကြမယ် ပြည်သူအားလုံး CDM မှာပါဝင်ပြီး စစ်ကောင်စီကို ရရာနည်းနဲ့ တခဲနက်ဆန့်ကျင်ကြမယ်ဆိုရင် စကစနိဂုံးဟာ မကြာခင် အဆုံးသတ်နိုင်လိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်စွာ တင်ဆက်ထားတဲ့ “ဖြစ်ကြောင်းကုန်စင် အညာတခွင် (၇၅)” ကို ပြည်သူလုထုကြီးက အားပေးနေတယ်လို့ ယုံကြည်စွာ တင်ဆက်လိုက်ပါတယ်။
PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ KZitem Channel ဖြစ်သော / pvtvmyanmar နဲ့ Telegram Channel ဖြစ်တဲ့ t.me/pvtvmyanmar တို့တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#WhatHappeninginANYAR
Негізгі бет ဖြစ်ကြောင်းကုန်စင် အညာတခွင် (၇၅)
Пікірлер: 241