အမေရိကန်ပြည်ထောင်စုက ပြည်နယ်အတော်များများမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်း အခြေချလာတဲ့ ဒုက္ခသည် တွေ နေထိုင်ကြပါတယ်၊ အင်ဒီယာနာပြည်နယ် ဖော့ဝိန်းမြို့မှာတော့ ၁၉၉၀ ဝန်းကျင်ကတည်းက မြန်မာနွယ်ဖွားတွေ စတင်အခြေချလာကြတာဖြစ်ပြီး အဲဒီထဲမှာ ကိုမင်းခန့်လည်း ပါဝင်ပါတယ်။ သူဟာ ခုအခါမှာ ကုန် သယ်ယူပို့ဆောင်ရေး ထရပ်ကားကုမ္ပဏီ တခုကို ထူထောင်ထားပြီး ဘဝတူ မြန်မာရွှေ့ပြောင်းအခြေချသူတွေလည်း သူ့ယာဉ်လိုင်းမှာ ပါဝင် အားဖြည့်လုပ်ကိုင်နေကြပါတယ်။ ဒုက္ခသည် တဉီးအဖြစ်ကနေ ကုန်တင်ကားယာဉ်လိုင်း “ခန့် “ကုမ္ပဏီကို ထူထောင်ခဲ့တဲ့ ကိုမင်းခန့်အကြောင်း ကိုအောင်အောင်က ရိုက်ကူးတင်ပြထားပါတယ်။
Originally published at - burmese.voanews.com/a/myanmar...
Негізгі бет ထရပ်ကားကုမ္ပဏီပိုင်ရှင် မြန်မာနွယ်ဖွား ဒုက္ခသည်တဦး
Пікірлер: 25