ထီးလင်းမြို့နယ်ထွေအုပ်ရုံးနှင့်မြို့မရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ် ၅ နေရာကို ၃ ရက်ဆက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးဒဏ်ရာရ(ရုပ်/သံ)
ဧပြီ ၊ ၂၁ ၊ ၂၀၂၄။
လူထုခေတ်
မကွေးတိုင်း၊ထီးလင်းမြို့ပေါ်ရှိ ထွေအုပ်ရုံး၊မြို့မရဲစခန်း အပါအဝင် စစ်ရေးပစ်မှ ၅ နေရာအား ၃ ရက်ဆက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Yaw Revolution Army-ထီးလင်း မှထုတ်ပြန်သည်။
ဧပြီလ ၁၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ထီးလင်းမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့်ရုပ်သံရုံးကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“စစ်ရေးပစ်မှတ် ၅ နေရာကို ၃ ရက်ဆက်တိုက်တာပါ။ရုပ်သံရုံးဆိုတာက ဝန်ထမ်းတွေမရှိတော့မလည်ပတ်ပဲ ခွေးတွေတပ်စွဲထားတဲ့ ရုံးကိုပြောတာပါဗျ။တရားရုံးမှာက စစ်သားတွေ တပ်စွဲထားတာပါ”ဟု ်ရေးပစ်မှ ၅ နေရာအား ၃ ရက်ဆက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Yaw Revolution Army-ထီးလင်း မှ သတင်းပြန်ကြား တာဝန်ခံ ကိုကောင်း ကပြောသည်။
ဧပြီလ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ထီးလင်းမြို့နယ်၊ရေမျက်နီနယ်မြေရဲကင်းစခန်းကို ၆၀ မမ ဗုံးသီး ၂ လုံးကြဲတိုက်ခိုက်ခဲ့ပြီး ၄၀(မမ)ဖြင့် ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။
ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင်လည်း မြို့နယ်ထွေအုပ်ရုံးနှင့်တရားရုံးတို့ကို ၆၀(မမ)ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊တပြိုင်နက်အတွင်း ရေမျက်နီရဲကင်းစခန်းကို ၄၀(မမ)ဖြင့် ၃ လုံးပစ်ခတ်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ရေမျက်နီရဲကင်းစခန်းမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ထီးလင်းမြို့ပေါ်ရှိ ထွေအုပ်ရုံး၊မြို့မရဲစခန်း၊ရုပ်သံရုံးနှင့်ရွှေထီးခန်းမတို့တွင် စစ်ကောင်စီတပ်မှ တပ်စွဲထားကြောင်းသိရသည်။
Негізгі бет ထီးလင်းမြို့နယ် စစ်ရေးပစ်မှတ် ၅ နေရာကို ၃ ရက်ဆက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးဒဏ်ရာရ(ရုပ်/သံ)
Пікірлер