Inside the Legends' Minds ဆိုတာကတော့ ဘောလုံးအပါအဝင် အားကစားနယ်ပယ် အစုံအလင်မှ ဂန္တဝင်ရယ်လို့ သတ်မှတ်ခံထားရတဲ့ နည်းပြ၊ အားကစားသမားများနဲ့ အသင်းတွေရဲ့ သမိုင်းမှာ အရေးပါနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို Soccer House ဘောလုံးအိမ်ရဲ့ Host များက ဆွေးနွေးတင်ဆက်ပေးသွားမဲ့ အစီအစဥ် ဖြစ်ပါတယ်။
ယခုတစ်ပတ်အတွက် တင်ဆက်ပေးမယ့် ပုဂ္ဂိုလ်တစ်ဦးကတော့ ရှေ့တစ်ပတ် တင်ဆက်ပေးခဲ့တဲ့ အန်ဆယ်လော့တီနဲ့ မတူကွဲပြားပဲ ကောင်းကွက်၊ဆိုးကွက်တွေ ရောထွေးနေသူ၊ သေချာလေ့လာကြည့်မယ်ဆိုရင်လဲ ဘယ်လိုနည်းပြမျိုးလဲဆိုပြီး ဇဝေဇဝါဖြစ်ရတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်သူ၊ အာဂျင်တီးနား ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ မာဆယ်လို ဘီရဲလ်ဆာ (Marcelo Bielsa) အကြောင်းပဲ ဖြစ်ပါတယ်။ နောက်အပတ်များမှာလည်း နောက်ထပ်ဒီလိုဆွေးနွေးတင်ဆက်မှု စကားဝိုင်းကို ပုံမှန်တင်ဆက်ပေးမှာ ဖြစ်လို့ Soccer House - ဘောလုံးအိမ်ရဲ့ Facebook နဲ့ KZitem Channel များကို Follow လုပ်ထားဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။
#SoccerHouse | #ဘောလုံးအိမ် | #Legend | #Bielsa
Негізгі бет Inside the Legends' Minds : ဘီရဲလ်ဆာ
No video
Пікірлер: 28