ပြည်သူ့တော်လှန်ရေးတိုင်းမှာ တေးဂီတဟာ တော်လှန်ရေးအပေါ် စိတ်အားတက်ကြွလာအောင်လှုဆော်နိုင်တဲ့ ၊ တော်လှန်ရေးရဲ့ပုံရိပ်ကိုထင်ဟပ်နိုင်တဲ့ အနုပညာဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ တော်လှန်ရေးတေးသီချင်းတွေ ရေးစပ်သီဆိုတဲ့ တေးဂီတသမား အနည်းအကျဥ်းရှိတဲ့ထဲမှာ လူငယ်တေးဂီတသမား "ဇင်လင်း(Angry Folks)လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ကိုဇင်လင်းဟာ နိုင်ငံတကာလူထုတော်လှန်ရေးတေးသီချင်းတွေကို မြန်မာမှုပြုခဲ့သူဖြစ်ပြီး ကိုယ်ပိုင်သံစဥ်စာသား တော်လှန်ရေးတေးသီချင်းများကိုလည်း ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။
ကိုဇင်လင်းဟာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲချုပ် ၊ လူ့ဘောင်သစ်လူငယ်စတဲ့ နိုင်ငံရေးအဖွဲအစည်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။ ကိုဇင်လင်းဟာ နွေဦးတော်လှန်ရေးကာလမှာလည်း တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၂၁ ၊ စက်တင်ဘာလ ၉ရက်နေ့မှာတော့ စစ်အုပ်စက်ရဲ့အကြမ်းဖက် ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။
ဒီနေ့မှာတော့ ကိုဇင်လင်းဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကိုသာ အကျဥ်းချ ချုပ်နှောင်လိုရပေမယ့် တော်လှန်ရေးအနုပညာကတော့ လွတ်လပ်စွာ ပျံသန်းစီးဆင်းနေမှာ ဖြစ်ပါတယ်။
Негізгі бет ဇင်လင်း (Angry folks) ရဲ့တိုက်ပွဲဝင်တော်လှန်ရေးသီချင်းများ စုစည်းထုတ်လွှင့်မှု
Пікірлер: 13