" ဂါထာ၏အနက်အဓိပ္ပါယ် "
* * * * * * * * * * * * * *
ပိဋကတ္တယံ - ပိဋကတ်သုံးပုံသည်
ဣတိပိ ဣမိနာမ ကာရဏနေ -
ဤသို့ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော အကြောင်းကြောင့်လည်း
အနိစ္စံ - အနိစ္စမည်၏။
ဣတိပိ ဣမိနာမ ကာရဏေန -ဤသို့ ဖြစ်ခြင်း ပျက်ခြင်းတို့သည် မပြတ်နှိပ်စက်ခြင်းသဘောရှိသော အကြောင်းကြောင့်လည်း
ဒုက္ခံ - ဒုက္ခမည်၏။
ဣတိပိ ဣမိနာမ ကာရဏေန -ဤသို့ မိမိအလိုသို့ မလိုက်ခြင်း သဘောရှိသော အကြောင်းကြောင့်လည်းအနတ္တံ - အနတ္တမည်၏။
သတ္တဗောဇ္ဈင်င်္ဂေ ါ - သတိသမ္ဗောဇ္ဈင် ဓမ္မဝိဇယသဓမ္မသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင် ပဿဒိသမ္ဗောဇ္ဈင် သမာဓိ သမ္ဗောဇင် ဥပေက္ခာသမ္ဗောဇ္ဈင် ဟူသော ခုနှစ်ပါးသော သမ္ဗောဇ္ဈင် သည်လည်းကောင်း
အဋ္ဌင်္ဂိကော - အင်္ဂ ါရှစ်ပါးသော
မဂ္ဂေါ - မဂ်သည်လည်းကောင်း
စတုပဋ္ဌာနံ - အာရမ္မဏ ဥပနိဿယ ကမ္မ အတ္ထိ ပစ္စည်းဟူသော လေးပါးသော ပဋ္ဌာန်းသည်လည်းကောင်း
သမ္မဿ - အလုံးစုံသောတရားအပေါင်းကို
ဣန္ဒော - အစိုးရတော်မူသော မြတ်စွာဘုရားသည်လည်းကောင်း
သဟဿသူရိေယော - ရောင်ခြည်တစ်ထောင် အလင်းကိုဆောင်သော နေမင်းသည်လည်းကောင်း
ဣတိပိ ဣမိနာစ ကာရဏနေ -
ဤသို့ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော အကြောင်းကြောင့်လည်း
အနိစ္စံ - အနိစ္စမည်၏။
ဣတိပိ ဣမိနာမ ကာရဏေန - ဤသို့ဖြစ်ခြင်း ပျက်ခြင်းတို့သည် မပြတ်နှိပ်စက်တတ်သော သဘောရှိသော အကြောင်းကြောင့်လည်း
ဒုက္ခံ - ဒုက္ခမည်၏။
ဣတိပိ ဣမိနာမ ကာရဏေန - ဤသို့ မိမိအလိုသို့ မလိုက်ခြင်း သဘောရှိသော အကြောင်းကြောင့်လည်းအနတ္တံ - အနတ္တမည်၏။
သြောင်း - အထူးသဖြင့် မြတ်တော်မူကုန်သော
မေတ္တာနံ - မဟာမေတ္တာရှင် ဖြစ်တော်မူကုန်သော ဘုရားရှင်တို့အား
နမော - ရှိခိုးပါ၏။
ဧတေသံ - ထိုမေတ္တာရှင် ဘုရားရှင်တို့၏
အာနုဘာဝေန - မေတ္တာတော်အာနုဘော်ဖြင့်
ရာဇဘယံ - မင်းဘေးကိုလည်းကောင်း
စောရဘယံ - ခိုးသူဘေးကိုလည်းကောင်း
ဥဒကဘယံ - ရေဘေးကိုလည်းကောင်း
အဂ္ဂိဘယံ - မီးဘေးကိုလည်းကောင်း
သတ္တဘယံ - ဓားလက်နက်ဘေးကိုလည်းကောင်း
သဗ္ဗဘယံ - အလုံးစုံသောဘေး အပေါင်းကိုလည်းကောင်း
ဇေယျော - အောင်မြင်နိုင်သည်
ဟောတု - ဖြစ်ပါစေသတည်းးး
ပဋိစ္စသမုပ္ပန္နံ - အကြောင်းတရားကို စွဲ၍ဖြစ်သော အကျိုးတရားသည်
သင်္ခတံ - ကံ စိတ် ဥတု အာဟာရတည်း ဟူသောအကြောင်းတရားလေးပါးတို့ ပေါင်းကာ ပြုပြင်အပ်သည်ဖြစ်၍
အနိစ္စံ - အမြဲမရှိ
ခယဓမ္မံ - ကုန်ခြင်းသဘောရှိ၏
ဝယဓမ္မံ - ပျက်ခြင်းသဘောရှိ၏
တသ္မာ - ထို့ကြောင့်
ဝီရာဂဓမ္မံ - ရာဂကင်းခြင်း သဘောရှိသော
နိရောဓ ဓမ္မံ - ချုပ်ငြိမ်းခြင်းသဘောရှိသော နိဗ္ဗာန်ကို
ပဏ္ဍိတော - ပညာရှိအပေါင်း သူတော်ကောင်းတို့သည်
ခမတိ - နှစ်သက်မြတ်နိုးတော်မူပါပေ၏ အရှင်ဘုရား။
ဂါထာရွတ်ဖတ်ပူဇော်ရခြင်းအကျိုး
* * * * * * * * * * * * * * * * *
ဤဂါထာတော်ကို အနက်အဓိပ္ပါယ်ကိုသိရှိနားလည်ပြီး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော်ကိုမှန်း၍ နေ့စဉ်အမြဲမပြတ် ရွတ်ဖတ်ပွားများပါက ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးခြင်း, အခက်အခဲ အန္တရာယ်အပေါင်းမှ ကျော်လွှားနိုင်ခြင်း, မိသားစုနှင့်မကွဲမကွာ မိမိအလိုရှိရာနေရာဒေသတွင် နေထိုင်ရခြင်း, ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံခြင်း စသော လောကီအခက်အခဲ များကို ကျော်လွှားအောင်မြင်နိုင်ပါသည်။
မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုမှန်း၍ ရွတ်ဖတ်ပွားများခြင်းနှင့် ဘုရားရှင်ကိုယ်စား ကိုးကွယ်ပူဇော်ထားရှိသော ပြည်တော်ပြန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်း၍ ကန်တော့ရသောအကျိုး စသော ဗုဒ္ဓါနုဿတိ ဘာဝနာကုသိုလ်ထူး များလည်း ရနိုင်ပါသည်။ အနက်အဓိပ္ပါယ်ကို နားလည်အောင် လေ့လာဖတ်ရှုခြင်းဖြင့်လည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာ ရေးသုံးပါးတို့ကို ညာတပရိညာအဖြစ် သိရှိနိုင်ပါသည်။
ဤသို့ အကျိုးများလှသော ဇလွန်ပြည်တော်ပြန်ဂါထာကို အမြဲရွတ်ဖတ်ပွားများ ပူဇော်ခြင်းဖြင့် အခက်အခဲ ဘေးရန်အပေါင်းမှ ကျော်လွှားနိုင်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ အဓိကပန်းတိုင်ဖြစ်သော နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းများကို ပို၍ လွယ်ကူစွာရွက်ဆောင်နိုင်ပြီး အေးငြိမ်းရာ မြတ်နိဗ္ဗာန်သို့ လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ.....
#တရားတော်များ #dhammachannel #buddhadhamma #dhammadana #buddha #tayartawmyanmar #ဇလွန်ပြည်တော်ပြန်ဂါထာ
Негізгі бет ဇလွန်ပြည်တော်ပြန် ဂါထာ | စမ္မခဏ် ဂါထာတော် (၁၁) ခေါက်
No video
Пікірлер: 205