ကမ္ဘာနှစ်ထပ် (Official Trailer)
=======================
Release Date - 10.10.2019 @ Mega Ace Cineplex
ပြိုကွဲနေသော မိသားစုတစ်စုမှာ ဖခင်ဖြစ်သူ ကိုကျော်ထက် ၊ ဖခင်ကို အမြင်မကြည်သော သမီးလေး သုသု နဲ့ သူနဲ့မိခင် အိနြေ္ဒတို့ဟာ သီးခြားခွဲနေထိုင်ရာကနေ တစ်နေ့မှာ နှစ်တိုင်းသွားနေကြ အဖွားရဲ့မွေးနေ့ပွဲကို သွားဖို့ပြင်ဆင်ပြီးပေမယ့် ဒီတစ်ခေါက်မှာ အိနြေ္ဒကအလုပ်တစ်ဖက်မှာ မအားတော့သမီးကို လိုက်ပို့ဖို့ အဖေဖြစ်သူကို ကူညီတောင်းခဲ့ရာကနေ ၊ အဖေကိုအမြင်မကြည်သော သမီးနဲ့ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ ကိုကျော်ထက်တို့ မွေးနေ့ပွဲကို သွားတဲ့ ခရီးစဉ်လမ်းတစ်လျှောက် မှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကမ္ဘာနှစ်ထပ် မှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
မိဘတိုင်းက သားသမီးတွေရဲ့ လိုအင်ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးချင်ကျသူ တွေပါ။ တစ်ခါတစ်လေမှာ ဖြစ်ချင်တာတွေမဖြစ်လာတဲ့အပေါ် နားလည်မှုဆိုတဲ့ အနှောင်အဖွဲ့လေးတစ်ခုနဲ့ တည်ဆောက်ကြရပါတယ်။
မိဘကအလုပ်အပေါ်အချိန်ပေးတာများတဲ့အခါ သားသမီးတွေရဲ့အားငယ်တတ်တဲ့စိတ်၊ ကြောက်တတ်တဲ့ စိတ်တွေကိုလျစ်လျုရှုသလို ဖြစ်သွားတတ်ကြတယ်။ အိမ်မှာနေထိုင်တဲ့ပုံစံအားလုံးကို သားသမီးတွေကသင်ယူတာဖြစ်တဲ့အတွက် မိဘတွေရန်ဖြစ်တာလား ၊ အချိန်မပေးတာလား၊ ဖောက်ပြန်တာလား၊ အပြောအဆိုအနေအထိုင် ရိုင်းတာလား စတာတွေက သားသမီးတွေအပေါ်လွှမ်းမိုး စေပါတယ်။ သားသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ အဖက်ဖက်မှာ ဟန်ချက်ညီအောင်ရှင်သန်နိုင်ဖို့ မိဘနှစ်ယောက်အပေါ်မှာ အရမ်းမူတည်ပါတယ်။
တစ်ခါတစ်လေမှာ မိဘကပေးတာနဲ့ သားသမီးလိုအပ်နေတဲ့အရာမကိုက်တာမျိုးတွေ၊ အလုပ်အပေါ်အချိန်ပို ပေးဖြစ်တာမျိုးတွေကတော့ သားသမီးနဲ့မိဘကြားမှာ မလိုလားအပ်တဲ့ စိတ်ချင်းဝေးကွာမှုတွေ ဖြစ်စေနိုင်ပါတယ်။ မိဘဘက်ကလဲ သားသမီးတွေ အသက်အရွယ်ကြီးပြင်းလာတဲ့အခါ လုပ်ပိုင်ခွင့်တွေ၊ ရွေးချယ်မှုတွေကိုလေးစားပေးရသလို သားသမီးဘက်ကလဲ ကိုယ်ဖြစ်ချင်တာတွေ၊ လိုအပ်နေတာလေးတွေကို ပွင့်ပွင့်လင်းလင်း နဲ့ လက်ခံအောင်ပြောတတ်ဖို့ စကားလုံးရွေးချယ်တတ်ဖို့လိုပါတယ်။ အဓိက က နှစ်ဖက်လုံး ကိုယ်ဖြစ်စေချင်တာလေးတွေကို Presenting ကောင်းကောင်းလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီဘက်ခေတ်မှာတော့ Single Mother, Single Father ပိုပိုများလာတာကိုတွေ့ရပါတယ်။ အိမ်ထောင်ကွဲနေတဲ့အခြေအနေတွေမှာ သားသမီးတွေကစိတ်ခံစားမှုအမျိုးမျိုးဖြစ်သွားနိုင်တဲ့အတွက် ပိုပြီးဂရုစိုက်ပေးရမှာပါ။
ဒါရိုက်တာ အာကာရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားဖြစ်တဲ့ ကမ္ဘာနှစ်ထပ် ရုပ်ရှင်ကားမှာတော့ မိသားစုမှာဖြစ်လေ့ရှိတဲ့ပြဿနာတွေ ကို မီးမောင်းထိုးပြထားတာဖြစ်ပြီး မိဘနှစ်ယောက်လုံးရဲ့ဖြစ်တည်မှု၊ တည်ရှိမှုက ဘယ်လောက်အရေးပါတဲ့အကြောင်းကို ချပြထားပါတယ်။
ရုပ်ရှင်ထဲမှာ သုသုက အချိန်မပေးနိုင်တဲ့ မိဘနှစ်ယောက်ဆီက ကြင်နာဂရုစိုက်မှုတွေ လိုအပ်နေပေမဲ့ မရတာကြာလာတဲ့ အခါ မိဘအပေါ်အမြင်မကြည်တာတွေ ဖြစ်လာပါတယ်။
မိဘနှစ်ယောက်ရဲ့ သံသယစိတ်တွေ နဲ့အိမ်ထောင်တစ်ခုကိုတည်ဆောက်ကျတဲ့အခါ ကလေးအပေါ်မှာ ကျရောက်လာတဲ့သက်ရောက်မှုတွေကို ရှင်းထုတ်နိုင်ပါ့မလား?
သားသမီးနဲ့မိဘကြားက အထင်အမြင်လွဲမှားမှုလေးတွေကိုချပြရင်း ချစ်ခြင်းမေတ္တာကို ဘယ်လိုနည်းလမ်းမျိုးနဲ့ပြန်လည်တည်ဆောက်ကျလဲဆိုတာ October 10ရက်နေ့မှာရုံတင်မယ့် ကမ္ဘာနှစ်ထပ်ရှင်ရှင်ကားမှာအားလုံး ကြည့်ရှုရတော့မှာဘဲဖြစ်ပါတယ်။
#TwoWorlds,
#DirectedbyArKar,
#GoldenHourFilmProduction,
Негізгі бет ကမ္ဘာနှစ်ထပ် (Official Trailer)
No video
Пікірлер