ပင်လယ်သမုဒ္ဒရာထွက်ပေါက် မရှိပဲ ကုန်းမြေအတွင်းပိတ်နေတဲ့ (သို့) ကုန်းတွင်းပိတ်ပင်လယ်နဲ့သာ ထိစပ်တဲ့ နိုင်ငံတွေကို Landlocked country ကုန်းတွင်းပိတ်နိုင်ငံ လို့ခေါ်ပါတယ်။
ကုန်းတွင်းပိတ်နိုင်ငံတွေဟာ သမုဒ္ဒရာထွက်ပေါက် မရှိတာကြောင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရေကြောင်းကုန်သွယ်မှုကို တိုက်ရိုက်မပြုလုပ်နိုင်ပဲ ပင်လယ်ထွက်ပေါက်ရှိတဲ့ အခြားနိုင်ငံပေါ်မှာမှီခိုရပါတယ်။
ဒီအချက်ကြောင့် ကုန်းတွင်းပိတ်နိုင်ငံအများစုဟာ ကုန်သွယ်ရေးမှာ တဆင့်နိမ့်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေသာ ဖြစ်ကြပေမယ့် ခြွင်းချက်အနေနဲ့ ဥရောပတိုက်က ဆွစ်ဇာလန် ၊ လူဇင်ဘတ် ၊ လင့်ချ်တင်စတိုင်း စတဲ့ ကုန်းတွင်းပိတ်နိုင်ငံတွေကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တွေ ဖြစ်နေကြပါတယ်။
ဒီတခါတော့ ကုန်းတွင်းပိတ်နိုင်ငံတွေအနက်က နယ်မြေဧရိယာအကြီးဆုံး နိုင်ငံ ၁၀ နိုင်ငံ ရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။
Негізгі бет ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံ ၁၀ နိုင်ငံ largest landlocked countries
Пікірлер: 14