ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေအများစုကို ကမ္ဘာပေါ်မှာ ဘယ်သူတွေ ပိုင်ဆိုင်ကြပါသလဲ။ Forbes Magazine ရဲ့ 2020 March လ ရဲ့စာရင်းအရ ဆိုရင်တော့ ကမ္ဘာပေါ်မှာ Billionaires လို့ပြောလို့ရတဲ့သူပေါင်း 2095 ဦးရှိတယ်လို့ ဆိုပါတယ်။ဒါဟာ ပြီးခဲ့တဲ့ တစ်နှစ်ကထက်စာရင် 58 ယောက်အထိ နည်းသွားတာပဲ ဖြစ်ပါတယ်။ဒါဟာ ဘာကြောင့်လဲဆိုရင်တော့ Corona ကြောင့်မို့လို့ တစ်ချို့လူတွေဟာ ဝင်ငွေ ပိုကောင်းလာကြပြီး တစ်ချို့ကတော့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးပြီး ပိုင်ဆိုင်မူတွေ လျော့ကျသွားလို့ပဲဖြစ်ပါတယ်။လေ့လာမူတွေအရကတော့ Billionaires အားလုံးရဲ့ 51 % လောက်ဟာ သူတို့ပိုင်ဆိုင်မူတွေ လျော့ကျမူနဲ့ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။သူတို့အတွက်တော့ သနားဖို့ကောင်းတယ်လို့ ပြောလို့ရကောင်းရပါလိမ့်မယ်။ဒါပေမဲ့ ဒါကငမွဲတွေအတွက်တော့ မဟုတ်ပါဘူး။ငမွဲတွေကတော့ ဒီထက်ပိုပြီးဆိုးဖို့ပဲ ရှိပါတယ်။အဲ့တော့ သင့်အနေနဲ့ Billionaires အများစုက အမေရိကန်ကဖြစ်တယ်ဆိုတာကိုတော့ သိပ့်အံ့သြမှာတော့ မဟုတ်ပါဘူး။ဒါပေမဲ့လည်း အရမ်းချမ်းသာပေမဲ့ သင်လုံးဝမကြာဖူးတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ဒီနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ အဲ့ဒီထဲက လူတွေကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
- 2 жыл бұрын
ကမ္ဘာပေါ်က လူမသိသူမသိ ဘီလျံနာ သူဌေးကြီးများ - အပိုင်း (၄)
- Рет қаралды 16,253
Пікірлер: 17