နံပါတ် ၁၀ ရော့ရှိုင်းယားတယ်ရီယာ..သူကတော့ အင်္ဂလန်ပြည်၊ ရော့ရှိုင်းယား မှာ မျိုးပေါက်ပါတယ်။ ဒီလှပတဲ့ခွေးလေးတွေဟာ တယ်ရီယာခွေးမျိုးလေးတွေပါ။ ဒီ ၁၉ ရာစုခွေးလေးတွေဟာ အလွန်အမင်း တက်ကြွဖျတ်လတ်ပြီး စွမ်းအင်လည်းအပြည့်ပါပဲ။ ရော့ရှိုင်းယားတယ်ရီယာလေးတွေဟာ တခြားခွေးမျိုးတွေကို ကြောက်လန့်ကြပြီးတော့ လူတွေရဲ့အချစ်ကိုတော့ ခံရပါတယ်။ သူတို့ဟာ သက်တမ်း ၁၃ နှစ်ကနေ နှစ်၂၀ ထိပဲအသက်ရှည်ကြတဲ့အတွက် သက်တမ်းတိုကြပါတယ်။ များသောအားဖြင့် သူတို့ကို ရော်ကီ လို့ခေါ်ကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူကြိုက်အများဆုံး ခွေးအမျိုးအစား စာရင်းထဲမှာ နံပါတ် (၁၀) ကနေ ရှိနေပါတယ်။
နံပါတ်၉..dashshund..(ဒက်ရှန်) မူလရင်းမြစ်ကတော့ အမဲလိုက်ခွေးတွေဖြစ်ပါတယ်။ ဒီ လှပတဲ့ ခွေးလေးတွေရဲ့နာမည်ဟာ ဂျာမန်စကားလုံးဖြစ်တဲ့ ဒေါ့စ် ဆိုတဲ့ စကားလုံးကနေ မှည့်ခေါ်ထာ းတာပါ။ အဓိပ္ပါယ်ကတော့ badger (ဘက်ဂျာ) နဲ့ hund (ဟန်းဒ်) ပါ..သူ့ရဲ့ အနက်အဓိပ္ပါယ်က ခွေး လို့ အဓိပ္ပါယ်ရပါတယ်။ ဒီခွေးလေးတွေဟာ လူတွေနဲ့အင်မတန်မှ ရင်းနီးပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ဆို အရမ်းကိုဆော့ပါတယ်။ သူတို့ကို ရန်မစမချင်းပေါ့။ ၁၉၅၀ နဲ့ ၁၉၆၀ ခုနှစ်တွေမှာ ကမ္ဘာပေါ်မှာရှိတဲ့ လူကြိုက်အများဆုံး ခွေးအမျိုးအစား စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီကတည်းက ထိပ်တန်း ၁၀ နေရာမှာ အမြဲရှိနေခဲ့ပါတယ်။ သူတို့ရဲ့ပင်ကိုယ်သဘာဝက အလွန်အမင်း နိုးကြားသွက်လက်တဲ့အတွက် သူတို့ကို အမဲလိုက်တဲ့နေရာနဲ့ ပစ္စည်းတွေစောင့်ရှောက်ရတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။
Негізгі бет Ойын-сауық ကမ္ဘာပေါ်မှ လူကြိုက်အများဆုံး ခွေးအမျိုးအစား ၁၀ မျိုး
Пікірлер: 30