ဇွဲကပင်တောင်ကို ကျနော်အခုမှ ပထမဦးဆုံးအကြိမ်တတ်ဖူးတာပါ။ တစ်ခါမှလည်း ဒီလောက်မြင့်တဲ့တောင်ကို ခြေချင်းမတက်ဖူးပါဘူး။
တောင်ပေါ်တက်ရတာ ပင်ပန်းသလောက် တောင်ပေါ်ရောက်ကာနီးလေ ရှုခင်းတွေက အရမ်းသာယာလွန်းလို့ အမောကိုပြေစေပါတယ်။
တောင်ပေါ်တက်ရင် အဓိကလိုအပ်တာတွေက ရူးဖိနပ်နဲ့ ရေသန့်ဗူးတွေ စားစရာမုန့်တွေယူသွားပါ။ မိုးရာသီသွားမယ်ဆိုရင် မိုးကာအင်္ကျီလေးတော့ယူသွားပါ။ ကြွက်တက် တက်တဲ့သူများ လိမ်းဆေးလေးတွေ ယူသွားကြပါဗျ။
သက်သက်လွတ်နယ်မြေဖြစ်တဲ့အတွက် အသား ငါး ဘာမှယူသွားလို့မရပါဘူး။
လမ်းတစ်ဝက်မှာ ရေသန့်နဲ့ အချိုရေဗူးတွေ ရောင်းတဲ့ဆိုင်ရှိပါတယ်။ တောင်အောက်ကစျေးနဲ့တော့ မရပါဘူး။ စျေးနည်းနည်းတော့တက်ပါတယ်။ အပေါ်ကို ပစ္စည်းတွေသယ်ရခက်လို့ဘဲဖြစ်ပါတယ်။
ဓာတ်ပုံရိုက်ချင်ရင် အတက်မှာတည်းက ရိုက်သွားပါ အဆင်းမှရိုက်မယ်ဆိုရင် ရိုက်ဖြစ်လိုက်မှာမဟုတ်ပါဘူး။
တောင်ပေါ်မှာ သက်သက်လွတ် ထမင်းဆိုင်ရှိပါတယ်။ စားရတာ အဆင်မပြေရင် မာမားပြုတ်လေးမှာစားပါ။
အတတ်ကို ၂နာရီနီးပါး အသဲအသန်တတ်ရပေမယ့် အဆင်းမှာတော့ ၁နာရီခွဲလောက်သာ ကြာပါတယ်။
တောင်ပေါ်တက်ရတာ ဘယ်နေရာခက်ခဲပြီး ဘယ်နေရာတွေလွယ်ကူလည်းဆိုတာ Vlog လေးမှာ ကြည့်ရှုနိုင်ပါပြီ။
#Arkar97
#Vlog
#ဇွဲကပင်တောင်
#ကရင်ပြည်နယ်
#ဘားအံမြို့
Негізгі бет ကရင်ပြည့်နယ် ဘားအံမြို့က ဇွဲကပင်တောင်တက် ခရီးစဉ်
Пікірлер