ကမ္ဘာမှာ တစ်နိုင်တစ်ပိုင် ကိုယ့်ရဲ့ကားလေးကို ကော်ဖီဆိုင်အသွင်ပြောင်းလို့ ကော်ဖီရောင်းကြတဲ့ ကားကော်ဖီဆိုင်လေးတွေ အများအပြားရှိပါတယ်။ အားသာချက် အားနည်းချက်တွေ ရှိတဲ့ ဒီစီးပွားရေးလုပ်ငန်းမှာ အားသာချက်အရတော့ ရွှေ့ပြောင်းလို့ရတဲ့ ကော်ဖီဆိုင်လေး ဖြစ်တဲ့အလျောက် လူစည်ကားရာနေရာတွေကို ရွေ့လျားသွားလာမောင်းနှင် ရောင်းချနိုင်ကြတာပါပဲ။ မြန်မာနိုင်ငံမှာလည်း ကော်ဖီကား ယဉ်ကျေးမှုသစ်တစ်ရပ် ထွန်းကားလာတယ်လို့ ဆိုနိုင်ပါတယ်။ ခရီးသွားများတဲ့ဒေသတချို့မှာ ကားကော်ဖီဆိုင်လေးတွေကို မြင်တွေ့ကြရပြီး အားပေးသူများနဲ့စည်ကားနေတတ်ပါတယ်။ ဒီအကြောင်းအရာလေးကို ဒီဗီဒီယိုလေးကနေ တင်ဆက်ထားပါတယ်ခင်ဗျာ။
အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေ
သီဟလုလင် (Thiha, the Traveller)
Негізгі бет ကားနဲ့ရောင်းတဲ့ ကော်ဖီဆိုင်လေးများ | Coffee Car Business in Myanmar
Пікірлер: 5