Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြ၀တီမြို့ကို ခုခံကာကွယ်မှု စစ်ဆင်ရေး မပြီးဆုံးသေးသ၍ အောင်ပွဲခံဖို့မရှိသလို မြို့ကိုလည်း အုပ်ချုပ်မှု မစတင်သေးပဲ စစ်ဆင်ရေးကို အရင်အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပြီး KNLA ဦးဆောင်တဲ့ မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်တွေအပေါ် ပြည်သူတွေ ယုံကြည်မှုရှိကြဖို့ KNU ဗဟို အလုပ်အမှုဆောင် ပဒိုစောတောနီးက ထိုင်း အခြေစိုက် မီဒီယာဖြစ်တဲ့ The Reporter နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
-အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်ကို အမြန်ဆုံးလွှတ်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်သလို ၊ စစ်ကောင်စီ ထည့်တဲ့ ဂျင်းကို ထိုင်းအပါအဝင် နိုင်ငံတကာက မျက်စိလည် လမ်းမှားထောက်ခံနေတယ် လို့လည်း တိုင်းရင်းသားလွှတ်တော်အမတ် ၁ ဦးက ပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက်စစ်ကောင်စီရဲ့ တံတားဦး လေဆိပ်ကို တော်လှန်ရေးတပ်ပေါင်းစုကနေ ရှော့တိုက်ဒုံး ၁၅ လုံး နဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း လေယာဉ်ထားတဲ့ ဂိုဒေါင် ထိမှန် ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Негізгі бет Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Пікірлер: 607